The Final Chapter 💌

2.2K 58 8
                                    


Unicode

လွန်စွာမှ နူးညံ့သော ချစ်စနိုး အသံသေးသေးလေးဖြင့် လွှမ်းအား ခေါ်လိုက်‌‌ေလ၏။

"မေ မေ!"

"ဟော.... ဒီတူမလေးတစ်‌ေယာက်ကတော့ လုပ်ပြန်ပြီ။
မမနိုင်နဲ့ သူ့အမေလည်း ဘယ်လောက်ပြောပြော ပြောမရပါဘူး လွှမ်းရယ်။

မိန်းကလေး လှလှလေးများ
မတွေ့လိုက်နဲ့ လှတယ်ဆိုလို့ကတော့ ခေါ်လိုက်ရင် သူ့အမေပဲ။

မမနိုင်ကိုဆိုလည်း တစ်ခါတစ်ခါ မေမေနိုင်လို့ ခေါ်ခေါ်ပြီး လာလာစတတ်သေးတာ။တစ်ကယ့် အလည်လေး"

စိုင်း၏‌နောက်တွင် ပါလာကြသော
မမနိုင်နှင့် ဟိန်းထက်က အခန်းထဲသို့ ဝင်လာကြပြီး လွှမ်းအနားသို့
ရောက်လာကာ ပြုံးရယ်စွာဖြင့် ဆိုသည်။

မမနိုင်က ဖခင်ဦးခမ်းနိုင်ဆီ
လာတွေ့တဲ့အခါတိုင်း လွှမ်းနဲ့ ခနခန
ဆုံကြသလို ဟိန်းထက်မောင်ကလည်း အမြဲတမ်း တစ်တွဲတွဲပေမို့ သူတို့
ကြားက ရင်းနှီးမှုက မသေးတော့ပေ။လုပ်ငန်းကိစ္စနဲ့ အမြဲလာလေ့ရှိတဲ့ ဟိန်းနဲ့ဆိုရင် မြင်ပါများတော့ လွှမ်းနဲ့လည်း ဟိုးအရင်ကလောက် အပေါက်အလမ်းမတည့်တာတော့ မဟုတ်။ပိုပြီးတော့ ရင်းနှီးလာသည်ပဲဆိုရမလား။

"ရပါတယ် မမနိုင်ရဲ့ ......
သမီးလေး စိတ်ချမ်းသာရင် ပြီးရော ။
သူနှစ်သက်သလိုခေါ်ပါစေ။

ဪ....မမနိုင်တို့ ပြန်ကြတော့မလို့ဆို"

"ဒီနေ့ပဲ ပြန်တော့မလို့။
မမနိုင်တို့က မပြန်ခင် လွှမ်းကို
လာနှုတ်ဆက်တာ။တူမလေးကလည်း လာချင်တယ်ဆိုလို့လေ"

"အိမ်ကို လွမ်းနေပြီလား
သမီးလေးက?"

ကလေးမလေးကို ပွေ့ချီလိုက်ရင်း
လွှမ်းက မေးလိုက်သည်။

"သမီးက ပြန်ချင်သေးတာ
မဟုတ်ပါဝူးနော် ။ဦးဦးဟိန်းထက်ရဲ့ မေမေကလေ သမီးလေးနိုင်ကို
တွေ့ချင်တယ်၊သမီးလေးနိုင်တို့ ပြန်လာသေးဝူးလားနဲ့ ညတိုင်းဖုန်းဆက်တာ။

တီတီနိုင့်ကို ဘယ်လောက်များ
သတိရနေလည်း မသိပါဝူး။
အာ့ကြောင့် ပြန်တော့မလို့"

အသွင်(completed)Where stories live. Discover now