"ယုမော်ရေ ယုမော် ဒီကိုလာကူပါဦး"
"လာပါပြီ အန်တီနှင်း"
မနက်စောစော အရုဏ်တက်ချိန်ကတည်းကပင် အိမ်ရှိလူအားလုံးသည် အလုပ်ကိုယ်စီနှင့် ဗျာများနေပြီဖြစ်သည်။ မီးဖိုချောင်တွင်
ချက်ရေးပြုတ်ရေးကိစ္စတို့နှင့် ရှုပ်ယှပ်ခက်နေပြီး ခြံထဲရှိပျိုးပင်တို့ကို အဖိုးအောင်နှင့်လူတစ်စုက တာဝန်ယူသန့်ရှင်းနေရသည်။
ဦးထက်တို့မိသားစုက မနက်စောစော ဘုရားသွားကြတာကြောင့် သက်ညာနှင့် အိမ်ရှိအလုပ်သမားတွေသာကျန်ခဲ့သည်။
မနက်ကတည်းက လိုအပ်တဲ့နေရာတွေမှာ ဝင်ကူလုပ်နေရတာကြောင့် အခုထိမအားလပ်သေးပေ။Ring ring....
ဘုရားပန်းလဲနေတုန်း ထမြည်လာတဲ့ဖုန်းကိုကိုင်ကာ တိတ်ဆိတ်တဲ့ခြံထောင့်တစ်နေရာကို စကားပြောဖို့ ထွက်လာခဲ့သည်။
"မောနင်း ထပြီလား"
"မောနင်း ဟိန်းထက်
ဒီနေ့ကဦးထက်မွေးနေ့လေ အဲ့ဒါကြောင့်အိမ်မှာဝိုင်းကူချင်တာနဲ့ အစောကြီးနိုးနေတာ"ဦးကောင်းထက်ရဲ့ မွေးနေ့ဆိုပေမယ့်တခမ်းတနားပွဲတွေလုပ်မနေဘဲ စီးပွားရေးမိတ်ဆွေအနည်းငယ်နှင့် ဆွေမျိုးတွေကိုသာ နေ့လည်စာ စားဖို့ဖိတ်ထားသည်။
"သူတို့နင့်ကို အရမ်းခိုင်းနေတာလား
ဟိုလွှမ်းဆိုတဲ့တစ်ယောက်ကကော အနိုင်ကျင့်သေးလား
ငါတော့ဒီတစ်နှစ်ကိုမြန်မြန်ကုန်ချင်တယ်ဟာ
နင့်ကိုအဲ့မှာစိတ်မချတော့ဘူး
ဒါမှမဟုတ်ပြန်လာပြီးငါ့တို့အိမ်မှာလာနေလို့လဲရတာပဲ
စာမေးပွဲလည်းဒီမှာပဲဖြေပေါ့"ရန်ကုန်ရောက်ကတည်းက ဟိန်းထက်နဲ့ အမြဲလိုလိုဖုန်းပြောဖြစ်ကြသည်။
မပြောဖြစ်ဘူးဆိုရင်တောင် အနည်းဆုံးတစ်ပတ်နှစ်ခါတော့ ဟိန်းထက်က ဖုန်းဆက်လေ့ရှိသည်။
ငယ်ငယ်ကတည်းက သူငယ်ချင်းတွေအများကြီးရှိပေမယ့် ထိုထဲတွင် သက်ညာအနွံတာကို အခံဆိုးက ဟိန်းထက်မောင်ပင်။ဟိုတစ်နေ့က အဖြစ်အပျက်တွေကို ပြောပြတော့လည်း ချက်ချင်းရန်ကုန်လိုက်လာမည်ပြောသူကြောင့် အိမ်မှာအဒေါ်တစ်ယောက်တည်းကျန်ခဲ့မှာ မလာပါနဲ့လို့ အတင်းတားထားရသည်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...