လောက၏အရပ်လေးမျက်နှာတစ်ခွင်သည် ပိတ်ပေါင်းထပ်သော
အမှောင်ထုဖြင့် ကြောက်ရွံ့ဖွယ်ကောင်းစွာ ဖုံးလွှမ်းထား၏။
ဒါဘယ်နေရာဖြစ်မလဲ။ သော်ကသည် ထိုအမှောင်ထုထဲ၌ တစ်ယောက်တည်းရပ်နေသည်။
ဘယ်အရာကိုမှ မမြင်ရ၊မကြားရ။
ဒီကမ္ဘာငယ်၌ သူမ တစ်ယောက်တည်းသာ ရှိသည်။ ရောက်ဖန်များကြာလာတော့ အမှောင်ထုကိုလည်း စိုးစဉ်းမျှကြောက်ရွံ့ခြင်း အလျဉ်းမရှိ။တစ်စုံတစ်ခုသော အသံကိုလည်း ပြုခြင်းမရှိ။
များမကြာမီပဲ အလင်းတန်းတစ်ခုက အမှောင်ကို ဖြိုခွင်းကာ ကျရောက်သည်။ ထိုအလင်းတန်းရှိရာ၌ လူတစ်ယောက်လည်း တည်ရှိနေ၏။ ဟုတ်သည် သူမချစ်သည့်တစ်စုံတစ်ယောက်။ လောကကြီးထဲက ထွက်ခွာချင်တဲ့အချိန်တိုင်း ဆွဲထားတတ်သည့် လူတစ်ယောက်။အသက်ရှင်နေရန် အကြောင်းရင်းဖြစ်သည့် တစ်စုံတစ်ယောက်။အို....အခုလည်း ထိုသူက လက်တစ်ဖက်ကမ်းပေးကာ ခင်သော်က၏လက်ကိုအခိုင်အမာ ဆုပ်ကိုင်သည်။ထို့နောက် သူမတို့နှစ်ယောက်သည် အမှောင်ထု၏ဆန့်ကျင်ဘက် အရပ်မျက်နှာဘက်သို့ သွားကြလေသည်။
မျက်လုံးနှစ်လုံးဖွင့်ဟပြီးနောက် ရင်းနှီးနေသည့် မျက်နှာကြက်ကို မြင်ရသည်။ဟုတ်သား ကျောင်းမှာ စိုင်းနဲ့စကားများပြီး မေ့လဲသွားတာပဲ။အဲ့ဒီနောက် အကြောင်းအရာများကိုတော့ ခင်သော်က မှတ်မိနိုင်စွမ်းမရှိ။
ခန္ဓာကိုယ်က အားနည်းလျက်ရှိနေသေးသော်လည်း လက်မှအထိအတွေ့တစ်ခုသည် မသိစိတ်၏လှုံဆော်မှုကို ခံရကာ စိုင်းသူရဟု မျှော်လင့်နေမိသည်။
သူမ၏မျှော်လင့်ချက်တွေ ပြည့်ဝခဲ့၏။
စိုင်းသူရသည် ခင်သော်က၏လက်ကို ယုယစွာဆုပ်ကိုင်ရင်း ကုတင်ပေါ်ခေါင်းတင်ကာ မှေးစက်နေသည်။ခင်သော်က၏လက်ချောင်းများက
စိုင်း၏ဆံပင်လေးများကြားတွင်
ဟိုဟိုဒီဒီ စတင်လှုပ်ရှားလို့လာသည်။အင်း........စိုင်း၏ဆံပင်များကို ထိတွေ့ဖူးချင်ခဲ့တာ၊ စိုင်းရဲ့လက်ကို ဆုပ်ကိုင်ထားချင်ခဲ့တာ၊ စိုင်းရဲ့ကြင်နာမှုတွေကို ငါတစ်ယောက်တည်းအပိုင်သိမ်းထားချင်ခဲ့တာ။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...