Part-37💛

686 35 0
                                    

Unicode

ရန်ကုန်ကနေ လေးဆယ့်ငါးမိနစ်
တစ်နာရီလောက် မောင်းသွားလိုက်မယ်ဆိုရင် ကိုစိုင်းသူရတို့ မိသားစု
ပင်တိုင်အလှူပြုလေ့ရှိသော ဘုန်းကြီးကျောင်းသို့ ရောက်၏။
မြို့နဲ့ အနည်းငယ် လှမ်းတယ်ဆို
‌ေသာ်လည်း ကျယ်ဝန်းလှသော 
ဝန်းထဲ ဝင်လိုက်တာနဲ့ ခေတ်မီကျောင်းဆောင်များကို မြင်ရသည်။

သံဃာတော်တွေ သီတင်းသုံးရာ
သာမာန်ဘုန်းကြီးကျောင်းတစ်ခု
မဟုတ်ဘဲ စာသင်တိုက်ကိုပါ တွဲထားသင့်အပြင် မိဘမဲ့ကလေးများနှင့် ပညာရေးဆိုင်ရာ ချို့တဲ့နေသော ကလေးများကို သင်ကြားပေးလျက်ရှိသော အခမဲ့ဘုန်းတော်ကြီးသင်စာသင်ကျောင်းများလည်း တည်ရှိနေသေး၏။ဒါကြောင့်လဲ
ကလေးတွေဖို့ ဆိုပြီး ကျောင်းသုံးစာရေးကိရိယာတွေနဲ့အတူ မုန့်တွေပါ တစ်ပါတည်း သယ်လာကြရသည်။

အာရုံဆွမ်းကပ်မှာဆိုတဲ့အတွက်
မနက်ငါးနာရီမထိုးခင်  မှောင်ရီနေချိန်ကတည်းက စောစွာထွက်လာကြသည်။
အာရုံဆွမ်းကပ်ပြီးတဲ့နောက်
ဝေယာဝစ္စာတွေ ဝင်ကူပေးရပြီး နံနက်ကိုးနာရီလောက်မှာဝောာ့
ဒေါ်သူဇာဖိတ်ကြားထားတဲ့ ဧည့်သည်တွေက တစ်စတစ်စ များလို့လာ‌၏။

ရိုးရိုးဆွမ်းကပ်လေးကိုလာကြတယ်ဆိုပေမယ့် စီးပွားရေး အသိုင်းအဝိုင်းကြီးတွေကမို့ အကောင်းစားကားတွေပေါ်က ဆင်းလာတဲ့သူ ဘယ်သူမဆို
တလက်လက် တလက်လက် အရောင်အဝါတွေ အပြိုင်အဆိုင် တောက်ပနေသည်။

"ကဲဗျာ .....ထုံးစံတိုင်း
ဒါနအလှူလေးကို မှတ်တမ်းယူထားချင်လို့
မိသားစု‌ဓာတ်ပုံလေးရိုက်ကြရအောင်ခင်ဗျာ"

ဘုန်းကြီးကျောင်း၏ပင်တိုင်ဓာတ်ပုံဆရာက ဆော်ဩလိုက်တော့ အန်တီသူဇာက မိတ်ဆွေတွေနဲ့ စကားစမြည်ပြောနေတာကို ဖြတ်ပြီး ကင်မရာရှေ့ရောက်လာသည်။

ဦးဇင်း၏လက်ယာဘက်၌ စိုင်းဖေဖေနဲ့ ဒေါ်ထိပ်ထားရှိပြီး လက်ဝဲဘက်တွင်တော့ စိုင်းသူရက ရှိနေ၏။

ထိုအခါမှာ တီလေးက လွှမ်းကို
သတိရသွားပြီး ကင်မရာမန်းကို
မရိုက်သေးရန် လက်ကာပြလိုက်သည်။

အသွင်(completed)Where stories live. Discover now