Unicode
တက်ကြွတဲ့ ခြေလှမ်းများနဲ့အတူ
ကွန်ဒိုအောက်သို့ ဆင်းလာပြီး
အောက်သို့ရောက်သောအခါ လမ်းတစ်ဖက်မှာရပ်ထားတဲ့ ကားရှေ့၌ ရပ်နေသော စိုင်းက လက်လေးကို မြှောက်ပြရင်း လွှမ်းကို လာရန်
ခေါ်လိုက်သည်။ အသိအမှတ်ပြုတဲ့အနေနဲ့ ပြန်လည်ပြုံးပြကာ လက်ကို
ဝေ့ယမ်းပြလိုက်ပြီး ကားလမ်းမကို ဖြတ်ကာ စိုင်းရှိရာ တစ်ဖက်သို့ ကူးလိုက်၏။လမ်းကိုဖြတ်သွားနေတုန်းမှာပဲ
ဘယ်ကမှန်းမသိဘဲ ပေါ်လာတဲ့ ကားတစ်စီးက အရှိန်နှုန်းပြင်းစွာဖြင့်
လွှမ်းသစ္စာဆီသို့ တည့်တည့်မတ်မတ်ပင် မောင်းနှင်လာသည်။ လွှမ်းမှာ ရှောင်လိုက်ချိန်မရ။ လမ်းအလယ်၌ ကြောင်ငေးစွာရပ်နေမိ၏။ထိုတစ်ခနအတွင်းမှာပဲ လွှမ်းရဲ့ကိုယ်ေလးက လေပေါ်သို့ မြှောက်သွားပြီး လမ်းပေါ်သို့ ပြစ်လဲသွားသည်။
ကားတိုက်ခံလိုက်ရတာကြောင့်မဟုတ်ဘဲ ကြားကနေ စိုင်းသူရက လွှမ်းကို ဖက်ကာ တစ်ဖက်သို့ အလျင်စလို
ဝင်ကယ်လိုက်ခြင်းကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာမရလိုက်ဘဲ ပွန်းပဲ့တာလောက်ပင် ရှိလိုက်သည်။သို့သော်လည်း စိုင်းသူရမှာတော့ လက်တစ်ဖက်ကို ပြင်းပြစွာ ထိခိုက်သွားပြီး နဖူးမှ သွေးတို့က စီးကျလာတာ တစ်စတစ်စ ပိုများလို့လာ၏။
"ဟာ့.........!!"
အိပ်နေ ရာမှ မောဟိုက်စွာဖြင့် အလန့်တကြားနိုးလာသည့် လွှမ်းသည် လှဲနေရာမှ ချက်ချင်းထလိုက်ပြီး
ဘေးမှာရှိနေတဲ့ ဆေးရုံခုတင်ပေါ်တွင် အိပ်ပျော်နေသော စိုင်းသူရကိုတွေ့မှ သူမ မြင်ခဲ့တာတွေက အိမ်မက်တစ်ခုဟုတ်မနေပဲ ဒီနေ့ မနက်စောစောကမှ ကြုံခဲ့ရတဲ့ Accident ဖြစ်နေတာကို ပြန်လည်အမှတ်ရတော့သည်။စိုင်းအခြေအနေက စိုးရိမ်စရာမရှိတော့ဘူးလို့ ပြောပေမယ့်လဲ နိုးမလာသေးတာကြောင့် လွှမ်းမှာ တစ်ယောက်တည်းထိုင်စောင့်နေရင်း မှေးကနဲ အိပ်ပျော်သွားတာပင်။
"သားစိုင်း..........သားလေးစိုင်း!!
ဘယ်လိုဖြစ်ရတာလဲ သမီးရယ်
မနက်က သမီးကို ကြိုမယ်ဆိုပြီးထွက်သွားတာ အခုတော့ဘာလို့
ဆေးရုံကုတင်ပေါ်ရောက်နေတာလဲ"
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...