ငြိမ့်ညောင်းသာယာသော classical piano သံက အခမ်းအနားတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိသည်။ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်သော
ပွဲအခမ်းအနားကြောင့် မိုးသက်ညာ အနည်းငယ်မျှ အိုးတိုးအမ်းတမ်းဖြစ်လို့နေကာ ဧည့်သည်အားလုံး၏အကြည့်တွေက မိုးသက်ညာတို့နှစ်ယောက်ဆီမှာမို့ နေရထိုင်ရခက်တာအမှန်။ထိုအချိန်မှာပဲ လွှမ်းက သက်ညာလက်ကိုဖွဖွလေးဆုပ်ကိုင်ကာ
ပြုံးပြလာသည်။
သဘောက စိတ်အေးအေးထားပါပေါ့။"လွှမ်းသစ္စာကို"သည် မိန်းကလေးတစ်ယောက်ဖြစ်နေပါလျက် သက်ညာအား လုံခြုံမှုကိုအမြဲတစေ ပေးစွမ်းသည်။
အဖြူရောင် suit လေးကို အောက်က တစ်ချောင်းကြိုး crop top နှင့်တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်ကုတ်ကို
ပုခုံးပေါ် လွှားတင်ကာ စီးထားသည့် ဒေါက်ဖိနပ်အဖြူက လွှမ်း၏အလှကို ပံ့ပိုးမှုအပြည့်။သက်ညာအတွက် အရာရာမှာ ကောင်းချီးပေးခံရပြီး မွေးဖွားလာတာက "လွှမ်း"ဆိုတဲ့ မိန်းကလေးပင် ဖြစ်လိမ့်မည်။
သို့သော်မကြာလိုက် လွှမ်းကို
ဟေမာန်ဦး တို့ပွဲကိုရောက်လာတာနဲ့ အတင်းလာခေါ်သွားသည်။
သက်ညာလည်း သိတဲ့လူမရှိတာကြောင့် ခေတ်သစ်နဲ့ မမသော်ကသို့
ဆီသာ သွားရသည်။"လွှမ်း ဒီနေ့ ပိုပြီးလှနေတယ်"
လွှမ်းက အိုင်းရစ်ထံေစာင်းကြည့်ကာ"ဟင်း....အိုင်းရစ် ဘာလိုချင်လို့လဲ"
လွှမ်းက အကြောင်းသိသူမို့ ခပ်ပြုံးပြုံးလေးဆိုသည်။
"ဘာမှမလိုချင်ပါဘူး ဒါမယ့်...... ဖြစ်နိုင်ရင် မိုးသက်ညာ လည်ပင်းက ဆွဲကြိုးကို လိုချင်တယ် designလေးသဘောကျလို့ တို့ကိုလဲ ဝယ်ပေး"
"အိုင်းရစ်တို့ကတော့ လွှမ်းကို
ပူဆာပြီဟေ့"လွှမ်း၏လက်မောင်းကို လှုပ်ကာ မုန့်တောင်းသလို ပြောနေတဲ့ အိုင်းရစ်ကို ဟေမာန်ဦးက ဝင်ထေ့သည်။
"ဒါတော့ မရဘူးအိုင်းရစ် အဲ့တာက သက်ညာအတွက်သီးသန့်
အိုင်းရစ်လိုချင်ရင် တခြား ကြိုက်တာဝယ်လေ မနက်ဖြန် လွှမ်း လာရှင်းပေးမယ်"
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...