Part-12 🕊️

953 45 2
                                    


“မမသော်က……..!”

အနည်းငယ်စိတ်လှုပ်ရှားသွားသလိုရှိသော်လည်း မျက်နှာအမူအရာကို
ဟန်မပျက်အောင် ထိန်းထားနိုင်သည်။

“ခင်သော်က” ဆိုသော
မိန်းကလေးသည် ခံစားချက်ကို အမှန်အတိုင်းဖော်ပြတတ်သူမဟုတ်။

ပျော်ရွှင်နေရင်လည်းသာမာန်မျှသာပြုံးရွှင်တတ်ပြီး ဝမ်းနည်းနေရင်တောင် ကိုယ့်ဘေးကလူတွေအတွက် အပြုံးမပျက် ဟန်ဆောင်နေတတ်သူ။
သို့သော် မြိုသိပ်လွန်းတဲ့ ခံစားချက်တွေစုပုံလာတဲ့အခါ ပြင်းထန်လွန်းတဲ့မီးတောင်တစ်ခုလို အရှိန်ပြင်းစွာပေါက်ကွဲတတ်ပြီး ပတ်ဝန်းကျင်အတွက် ပျက်စီးမှုတွေ
ခေါ်ဆောင်လာတတ်သည်။

“သော်က နင်က ငါ့ထက် အရင်ဦးအောင်ရောက်နေတယ်ပေါ့”

“အော်………..အင်း”

“ဘာလဲ သက်ညာဆီလာတာမဟုတ်ဘူးလား ငါက နင်သက်ညာကို လာတွေ့တယ်ထင်နေတာ”

သက်ညာတို့နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ရပ်နေပြီး
နားမလည်သလို လုပ်နေတဲ့ သော်ကကြောင့် စိုင်းသူရက ကြားက ဝင်ထောက်သည်။

“ဟုတ်တယ်လေ စိုင်း ငါ အသိတစ်ယောက်နဲ့တွေ့ရင်းနဲ့ သက်ညာဆီဝင်လာလိုက်တာ”

မမလို ဆေးကျောင်းသူတစ်ယောက်က ခုနကလိုလူမျိုးနဲ့ ပတ်သက်စရာအကြောင်းရှိပါ့မလား။အသိလို့ဆိုရအောင်ကလည်း ထိုသူက ကျောင်းသားတစ်ယောက်ဖြစ်ဟန်မတူ။

“ရပါပြီ”

ကိတ်သားနူးနူးညံ့ညံ့ပေါ်မှာ
စတော်ဘယ်ရီထက်ခြမ်းခွဲလေးတွေနဲ့အလှဆင်ထားပြီး
ကိတ်နှစ်ခုကြားမှာ စတော်ဘယ်ရီ cream တို့ပေါင်းစပ်ထားတဲ့
ကိတ်လေးက ကော်ဖီပူပူလေးနှင့်လိုက်ဖက်လို့နေသည်။

“မမတို့ အေးဆေးနေကြနော် သက်ညာအလုပ်သွားလုပ်ဦးမယ်”

သက်ညာထွက်သွားပြီး စားပွဲဝိုင်းမှာ သော်ကနှင့်စိုင်းသာ ကျန်ခဲ့သည်။
စိုင်းသူရက ကိတ်မုန့်ကို ဇွန်းဖြင့် တစ်လုတ်ချင်းတစ်လုတ်ချင်းဖဲ့ဖဲ့ပြီးစားနေသည်။
သော်က သိတာပေါ့ စိုင်းက စတော်ဘယ်ရီကိတ်ဆိုသိပ်ကြိုက်တာ။

အသွင်(completed)Where stories live. Discover now