ရာသီကား ဆောင်ဟေမာန်သို့ ပြောင်းလဲစပြုလာပြီဖြစ်တာကြောင့် ကားပြတင်းပေါက်မှ တိုးဝင်လာသော လေသည် တစ်ချက်တစ်ချက်
အရိုးထဲထိ စိမ့်အေးသွားသည်။
ပြင်ပရှိ အဆက်မပြတ်
ဖြတ်ပြေးနေသော မြင်ကွင်းများသည် ကား၏နောက်တွင် ဝိုးတဝါး ကျန်ရစ်ခဲ့လေပြီ။ အခုဆို သက်ညာတို့နှစ်ယောက် ရန်ကုန်မြို့ကြီးကို နှုတ်ဆက်ခဲ့ကြတာ လေးနာရီခန့်ရှိပြီဖြစ်သည်။
မိုးသက်ညာကား သည်ခရီးကို လွန်ခဲ့သော နှစ်နှစ်ကျော်က သူမ၏အဖေနဲ့အတူ သွားခဲ့ဖူးသော်ငြား ယခုတွင်မူ သူမပုခုံးပေါ်မှီကာ အိပ်မောကျနေသော "လွှမ်း" ဟူသည့် မိန်းကလေးငယ်တစ်ယောက်ကို အတူခေါ်ဆောင်လာခဲ့ချေပြီ။"ဂျက်"
တိုးဝေ့လာသော လေစိမ်းများသည် လွှမ်းကို ချမ်းစေမည်စိုးသောကြောင့် ပြတင်းပေါက်မှန်ကို ပိတ်၍
ထို့နောက် မျက်နှာ နုနုပေါ်သို့ ကျနေသော "လွှမ်း" ၏ နားဖုံးရုံထိညှပ်ထားသော ခပ်တိုတိုဆံပင်ကို နားရွက်နောက်သို့ သပ်သိမ်းပေးလိုက်သည်။အမြဲတမ်းပြင်ဆင်မှုတွေကြောင့်သာ "လွှမ်း"သည် ရှိရင်းအသက်အရွယ်ထက် ကြီးသည်ဟုထင်ရသော်လည်း အခုလို ဘာမှလိမ်းခြယ်ထားခြင်းမရှိတဲ့ မျက်နှာလေးကလည်း နုရွယ်သည့် ကောင်မလေးတစ်ယောက်ပင်။
"သက်ညာ"၏လှုပ်ရှားမှုတွေကြောင့် အိပ်ရာကနေ လွှမ်း၏မျက်ခွံလေးတွေ လှုပ်လီလှုပ်လီ လှုပ်ရှားလာသော်လည်း လက်တစ်စုံကို ဆုပ်ကိုင်ပေးလိုက်သောအခါ ပြန်လည်ငြိမ်သက်သွားသည်။
ထိုအခါမှ ထိုင်ခုံနောက်သို့ မှီချကာ သက်ညာလည်း ခနမှေးရန် မျက်လုံးတို့ကို မှိတ်လိုက်သည်။
သက်ညာရဲ့မွေးရပ်မြေကို လွှမ်းနဲ့အတူလာရတာ မပျော်ဘဲရှိပါ့မလား။
ဒါပေမယ့်လည်း လွှမ်းအတွက် ဒီခရီးဖြစ်လာခြင်းအကြောင်းအရင်းတွေက သာယာဖွယ်မရှိ။ အခုလို လွှမ်းဘဝခက်ခဲနေချိန်မှာ သက်ညာဘေးနားကနေ ရှိသမျှခွန်အားလေးနဲ့ ကာကွယ်ပေးချင်သည်။ နှလုံးသားထဲက ဆန္ဒတစ်ခုသည် သက်ညာတို့မိသားစုရဲ့ အနွေးထွေးဆုံး အသိုက်အဝန်းလေးမှာ အန္တရာယ်တွေအားလုံးကနေ ဝေးကွာအောင် လွှမ်းကို ဖွက်ထားပေးချင်သည်လေ တစ်ခဏလေးဖြစ်မယ်ဆိုရင်တောင်ပေါ့။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...