Part-30🍡

690 37 0
                                    

Unicode


ပုဆိုးတစ်ထည်ကို
မဝတ်တတ်ဝတ်တတ်ဖြင့် ဝတ်လာပြီးမှ ကျွတ်ကျမည်ကိုမည်ကိုစိုး၍
လက်တစ်ဖက်ဖြင့် ထိန်းကိုင်လာသော ကိုးယို့ကားယားနိုင်လှသည့်
ကိုထူးမြတ်ပုံကို ကြည့်ကာ
တစ်ဖက်သို့ လှည့်ပြီး သက်ညာ
ခိုးရယ်လိုက်သည်။
ဘုရားဖူး တစ်ယောက်စ နှစ်ယောက်စ ကလည်း ကိုထူးမြတ်ကို ကြည့်ကာ ပြုံးစိပြုံးစိဖြင့်။အပေါ်ပိုင်းက လူငယ်ဆန်ဆန်နက်ပြောင်နေသည့် လယ်သာ ဂျာကင်၊ရှိုးအပြည့် "သ" ထားသည့် ဆံပင်ကေနှင့် အောက်က မြန်မာပုဆိုးဘယ်လိုမှ အပ်စပ်မနေတာတော့ အမှန်။


"မရယ်နဲ့ အဲ့တာ သက်ညာကြောင့်


Night out ထွက်ပါတယ်ဆို လာတော့ ရွှေတိဂုံဘုရား


ဟူး.......ဒီပုဆိုးကို မြန်မြန်ချွတ်ချင်နေပြီ စိတ်အိုက်လိုက်တာ"

ထူးမြတ်က ဆူပုပ်ကာဖြင့်
မကြေမချမ်းပြောသည်။


"ကိုထူးမြတ်....ခုရောက် ခုပြန်ချင်နေပြီလား ဘုရားတောင်မရှိခိုးရသေးဘူး


ဟီး ....လာပါ သက်ညာ ပြင်ဝတ်ပေးကြည့်ပါ့မယ်


အပေါ်ထပ်ကြီးကို ဒီကိုပေး "


သက်ညာက ရယ်ကျဲကျဲနှင့်ပြောပြီး လက်တစ်ဖက်ကို ဆွဲလျက် ရ
င်ပြင်တစ်လျှောက်၌ လူရှင်းတဲ့နေရာမှာ ရပ်လိုက်ကြရင်း လုံးထွေးနေသည့်ပုဆိုးကိုပြင်ပေးရတော့သည်။

အောက်က ခြေမျက်စိအထိရှည်ထွက်နေသည့်

ဂျင်းဘောင်းဘီကြီးကြောင့် အသံထွက်အောင် နောက်တစ်ခါ ရယ်မိပြန်သည်။


ပြုံးရယ်နေတဲ့သက်ညာလေးကိုကြည့်ရင်း ထူးမြတ်လည်း ဟန်မဆောင်နိုင်ပဲ ခပ်ဟဟ လိုက်ရယ်လိုက်မိတော့သည်။


မီးခိုးရောင် ဗမာဝမ်းဆက်လေးနှင့်သက်ညာက မြင်ရသူအဖို့ အင်မတန်မှ မျက်လုံးအေးဖွယ်လေးဖြစ်သည့်အပြင် ဆံပင်တစ်ဝက်ကို စုကာ ညှပ်ထားသော ဖဲပြားအဖြူလေးနှင့်ပနံသင့်စွာ။

ပါးလှသောလိမ်းခြယ်မှုနှင့် ရိုးရှင်းလွန်းသော အပြင်အဆင်နှင့်ပင် ပြီးပြည့်စုံလွန်းနေသည့် မိန်းမငယ်လေးပင်။

အသွင်(completed)Where stories live. Discover now