Part-29🍄

710 33 0
                                    


Unicode

“အစစအရာရာကူညီပေးတဲ့အတွက် အန်တီသူဇာကို သက်ညာက ကျေးဇူးတင်ပါတယ် 
ဒီကို ကိုယ်တိုင်လာမပို့ပေးလဲ ရပါတယ် လူကြုံနဲ့ဆို အန်တီသက်သာတာပေါ့”

“မဟုတ်တာ သမီးရယ် မိန်းကလေးတစ်ယောက်တည်းကျန်ခဲ့တဲ့အိမ်ကို တခြားလူလွှတ်ဖို့ တီလေး စိတ်မချပါဘူး
ဘာမှအားနာမနေနဲ့ လွှမ်းရဲ့သူငယ်ချင်းဆိုမှတော့ အန်တီ့တူမလေးပဲပေါ့ 

လွှမ်းနဲ့ သားစိုင်းကို တီလေးက
အရိပ်တကြည့်ကြည့်နဲ့ ငယ်ငယ်လေးထဲက ထိန်းကျောင်းလာတာ

လွှမ်းကလေ တခြားသူနားက အကူအညီတောင်းဖို့ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး

အခုတော့ သက်ညာကို ဂရုစိုက်ပေးပါ၊ နေ့တိုင်းလာကြည့်ပေးပါဆိုပြီး ထပ်ခါထပ်ခါ တောင်းဆိုသွားတာလေ

သမီးသက်ညာအပေါ်မှာရှိတဲ့ လွှမ်းရဲ့ သံယောဇဉ်တွေကို မြင်နေရမှတော့
ဒီက တီလေးက ဘယ်လျစ်လျူရှုနိုင်ပါတော့မလဲ”

အန်တီသူဇာဝယ်လာတဲ့ စားစရာ
အချို့ကို ရေခဲသေတ္တာထဲထည့်ကူပြီး နှစ်ယောက်တည်း ဧည့်ခန်းမှာ
ထိုင်စကားပြောဖြစ်ကြသည်။
သက်ညာက တီလေးလာမည်ကို သိတာကြောင့် ကြိုပြီးခွဲထားတဲ့ အသီးပန်းကန်ကို ချပေး၏။

အန်တီသူဇာ့လို နွေးထွေးပြီး
ပွင့်ပွင့်လင်းလင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ကို နှစ်ရက်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ရင်းရင်းနှီးနှီးဖြစ်သွားတာ မဆန်းပေ။ သူမက
သက်ညာကို အဖော်ရအောင် တရင်းတနှီးစကားပြောပေးသလို
လွှမ်းငယ်ငယ်က အကြောင်းလေးတွေကိုလည်း ပြောပြတတ်လို့ သက်ညာကတော့ သဘောကျမဆုံးပင်။

အန်တီသူဇာ့ စကားတွေအရဆိုရင် “လွှမ်းသစ္စာကို” ဆိုတာ ငယ်တုန်းက အင်မတန်ချစ်စရာကောင်းတဲ့
မာနခဲလေးပဲဖြစ်ရမယ်။

အနားမှာမရှိတဲ့အချိန်လေးမှာ လွှမ်းအကြောင်းလေးတွေကို တွေးရင်းနဲ့ ဖြေသိမ့်နေရသည်။ထားရစ်ခဲ့နိုင်သူကြီးကိုလည်း သက်ညာစိတ်ကောက်ချင်လှ၏။လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကိုစိုင်းရဲ့ စုံစမ်းချက်အရ ဒေါ်ထိပ်ထားဦးအမှုနဲ့ ပတ်သက်တဲ့ သက်ရှိသက်သေကို ရှာဖွေနိုင်ခဲ့တာကြောင့် ထိုလူနဲ့
တွေ့ဖို့ရာအတွက် လွှမ်းနဲ့ စိုင်းက ညတွင်းချင်းပဲ စစ်ကိုင်းဘက်ကို ခရီးထွက်သွားခဲ့ကြသည်။

အသွင်(completed)Where stories live. Discover now