Part-32🎞

540 33 0
                                    

Unicode

နိုးနေတာ ကြာပြီဖြစ်သော်လည်း မျက်လုံးတို့ကို မဖွင့်ချင်သေးပဲ
မှေးနေရာကနေ အခု ရောက်ရှိနေတဲ့ ရင်ခွင်နွေးနွေးကြောင့်
မနက်အစောကြီး သက်ညာနှုတ်ခမ်းတွေမှာ ပြုံးပန်းဝေနေလေ၏။
အချိန်ကြာကြီး လွမ်းနေခဲ့ရတဲ့ လွှမ်း၏ကိုယ်သင်းရနံ့လေးကို
တစ်ဝကြီးခိုးပြီးရှုလိုက်သည်။

လွှမ်းရဲ့နှဖူးလေးကို လက်ညိုးလေးနှင့် အသာလေးထိရင်း အောက်သို့
တဖြေးဖြေးလျောကာဆင်းသည်။ မျက်ခုံး၊မျက်လုံး၊ နှာတံသွယ်သွယ်လေး၊ပြီးတော့ ပန်းဆီရောင်သန်းနေတဲ့ နှုတ်ခမ်းပါးပါးလေးတွေအထိ ရောက်လာပြီး စိတ်ကြိုက်ထိတွေ့နေရတဲ့ သက်ညာသည် လွန်စွာမှ
သဘောတကျရှိနေ၏။

အိပ်မက်ထဲမှာတောင် ဘာတွေအလိုမကျနေသလဲမသိ။ စုကာကျုံ့ထားတဲ့ မျက်ခုံးနှစ်ခုကို လက်လေးနှင့်အသာ ဖြေလျော့ပေးလိုက်မှ စိတ်ချလက်ချ ပြန်အိပ်ပျော်သွားသလို။

"ကြည့်ပါဦး ချောင်ကျသွားလိုက်တာ"

နဂိုကတည်းက ပိန်တဲ့သူပါဆို
အလုပ်တွေပင်ပန်းတာကြောင့် ရှိရင်းထပ် လျော့သွားတဲ့ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ရင်း တစ်ယောက်တည်း ဂရုဏာသံဖြင့် ရေရွတ်လိုက်သည်။

"ဟောဒီ့ပါးလေးနှစ်ဖက်ကို ပြည့်ပြည့်လေးဖြစ်လာတဲ့အထိ သက်ညာက
ပိုပြီးအရသာရှိတာတွေချက်ကျွေးမှာမို့ လွှမ်းဘက်က စားဖို့သာပြင်ထား"

ပြောလဲပြောရင်း လွှမ်း၏ပါးလေးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်
အနမ်းပေးလိုက်ပြီးနောက် ခါးပေါ်တင်ထားတဲ့ လွှမ်းရဲ့လက်လေးကို အသာလေး ဖယ်ပေးပြီး အိပ်ယာက ထရတော့သည်။မထလို့မရ ဒီနေ့က
လွှမ်းမေမေအတွက် အရေးကြီးတဲ့နေ့ဖြစ်တာကြောင့် နောက်ကျလို့မဖြစ်ပေ။ လွှမ်းကို ပြီးမှပဲ နိုးတော့မည်ဟုစိတ်ကူးပြီး Bathroomထဲကို ရေချိုးဖို့အတွက် ဝင်လာလိုက်သည်။

တဘက်နှင့်ဆံပင်ကို သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာတော့ လွှမ်းက ခုတင်ပေါ်မှာမရှိတော့။ တခြားအခန်းမှာ ရေသွားချိုးတယ်အထင်နဲ့ လိုက်ရှာတော့လဲ မရှိ။ ဧည့်ခန်းနဲ့ စာကြည့်ခန်းတွေအတွင်း ဟိုဟိုဒီဒီ သွားကြည့်နေရင်းမှ balconyမှာ တစ်ယောက်တည်းရပ်နေတဲ့ လွှမ်းကိုတွေ့တော့သည်။

အသွင်(completed)Where stories live. Discover now