Part-6❣️

931 45 2
                                    


တစ်ခန်းလုံးလူတွေပြည့်နေပေမယ့်အထီးကျန်နေတဲ့ခံစားချက်မျိုး။ခေါ်ပြောမယ့်သူမရှိသလိုတစ်ယောက်တည်းယောင်လည်လည်ဖြစ်နေ၏။

နယ်ကပြောင်းလာသူမို့ သူ့ပုံစံက
တစ်သီးတစ်သန့် ကွဲထွက်လျက်။

"ဖယ် ဒါငါ့နေရာ"

ရှေ့တွင် ပြောနေသူက အထက်စီးဆန်စွာ အကြည့်ချင်းမစုံရဲလောက်အောင် အရှိန်အဝါရှိသည်။

"ဘာကြည့်တာလဲ ဒါငါ့နေရာ"

"ဟမ်"

"ဖယ်"

ပြောလည်းပြော ခုံပေါ်တွင်တင်ထားသော လွယ်အိတ်ကလေးကိုလည်းအဝေးကို ကောက်ပစ်လိုက်သည်။

"လွှမ်း.....အဲ့လိုမလုပ်ရဘူးလေ"

ထိုအချိန်တွင်လွယ်အိတ်ကလေးကို ကောက်ပြီး သူ့လက်ထဲကို အသာ ထည့်ပေးလာသည်။
အချိုသာဆုံးအပြုံးတွေနဲ့
မိတ်ဆက်လာပြီး ဘဝတွင် ပထမဆုံးတွယ်တာဖူးသူလို့ဆိုရမလား။

"လာဒီခုံမှာထိုင် ဒီမှာဘယ်သူမှမရှိဘူး"

"ငါက စိုင်းသူရ နာမည်က"

"ခင်...ခင်သော်က ပါ"

"သော်က... သော်က ဆိုတော့ပန်းပေါ့ လိုက်တယ် "သော်က" ကပန်းလေးလိုပဲ ဟီး..
ခုနက လွှမ်းတဲ့ စိတ်မဆိုးနဲ့နော် သူကဒီလိုပဲ နောက်ကျရင် ငါမိတ်ဆက်ပေးမယ် "သော်က" သူ့ကိုခင်သွားမှာသေချာတယ်"

ကူကယ်ရာမဲ့နေချိန် ကမ်းပေးလာတဲ့လက်တစ်စုံကို စတွေ့ချိန်ကတည်းက မရည်ရွယ်ပါဘဲ လောဘတက်မိခဲ့သည်။

ဂရုတစိုက်ရှိမှုတွေ ပြုံးပြနေတဲ့
သူ့ပုံရိပ်တွေကို တဖြေးဖြေး ပိုပိုပြီး မက်မောလာတယ်။
နှောင်ကြိုးတွေ အထပ်ထပ်ရစ်တွယ်လာတဲ့အခါ ကိုယ်တိုင်တောင် ဘယ်ကစဖြေရမလဲ မသိတော့ချေ။

"စိုင်း အဲ့မှာဘာလုပ်နေတာလဲ လာခဲ့"

"သွား‌ေတာ့မယ်နော်"

စွန့်ခွာသွားမယ့်လက်တစ်စုံကို လှမ်းဆွဲပေမယ့် ကိုယ်မရောက်နိုင်တဲ့ အကွာအဝေးတစ်ခုကို ရောက်သွားပြီး အခြားတစ်ယောက်ဆီကို အမြဲထွက်သွားသည်။

လှမ်းခေါ်နေပေမယ့် ကိုယ့်အသံကိုမကြားနိုင်ဘဲ တစ်ချက်မျှ လှည့်မကြည့်ပါချေ။

အသွင်(completed)Where stories live. Discover now