Part-(4)☁️

1.2K 56 0
                                    


"သက်ညာက ငါ့လူ!"

ချက်ချင်းပဲ ဆုပ်ကိုင်ထားသောရှင်းသန့်ထက်၏လက်ကို ခပ်ကြမ်းကြမ်းလွှတ်ချလိုက်သည်။နောက်မှာရပ်နေတဲ့
မိုးသက်ညာဘက်လှည့်ပြီး ခေါ်ထွက်သွားမည်အပြု

"နင့်လူက ငါ့ကိုအရင်လာရှုပ်တာ သူအရင်ငါ့ပါးကိုရိုက်သွားတာ သူပြန်ပြီးတာဝန်ယူရမယ်"

လွှမ်းသစ္စာ ရှင်းသန့်ထက်၏အင်္ကျီကော်လံတစ်ဖက်ကို ဆွဲရင်း

"ဒါမျိုးကို ဘယ်နှထည်လိုချင်လဲ ဆယ်ထည်လား အထည်တစ်ရာလား.? ဟင်"

လွှမ်းသစ္စာကို၏လှောင်သံအပြည့်နှင့်စကားကိုကြားတာနဲ့ အခန်းထဲက တစ်ချို့က ရှင်းထက်ကိုကြည့်ပြီးခပ်ပြုံးပြုံးလုပ်နေကြသည်။

ဒါမျိုးက မဆန်းတော့ငယ်ငယ်ကတည်းက လွှမ်းနဲ့ယှဉ်လိုက်တိုင်း ရှင်းသန့်ထက်က အမြဲအရှုံးပေးရသည်။လွှမ်းရဲ့အမေဒေါ်ထိပ်ထားဦးနဲ့ ရှင်းသန့်ထက်ရဲ့အဖေက မောင်နှမဝမ်းကွဲတွေဖြစ်သည်။ ရှင်းထက်အဖေဆုံးပြီးကတည်းက မိသားစုစီးပွားရေးကို ပြန်ပြီးထူထောင်နိုင်အောင်ကူညီပေးထားတာကလဲ ဦးကောင်းထက်ပင်ဖြစ်သည်။

ဒါကိုတောင် ဒေါ်ခင်သိင်္ဂတို့သားအမိက မကျေနပ်နိုင်သေးဘဲ ဘယ်အရာကိုမဆို လွှမ်းတို့ထက်ပိုပြီးသာချင်ကြသည် မနာလိုကြသည်။ဒါကြောင့်လည်း ရှင်းသန့်ထက်ရဲ့အမေဒေါ်ခင်သိင်္ဂက ဒေါ်ထိပ်ထားဦးကို အနီးကပ်ပေါင်းပြီး အိမ်တွင်းရေးတွေကိုအမြဲစုံစမ်းနေတာ ဖြစ်သည်။

"ဒေါသမထွက်ပါနဲ့
ငါက နင်လိုချင်တယ်ဆိုရင်
ဝယ်ပေးမလို့ပါ .....

ပါးရိုက်ခံရတဲ့ကိစ္စကတော့....
ကိုပိုင်ကိုဖုန်းဆက်လိုက်
နင်လိုချင်သလောက်ထုတ်ပေးလိမ့်မယ် တန်သလောက်တောင်းပေါ့

နင်တို့တွေကကော ကိုယ့်အလုပ်
မဟုတ်တာကို ဘာတွေလာရပ်ကြည့်
နေကြတာလဲ!!!!!"

လွှမ်းရဲ့ဩဇာညောင်းလှတဲ့ အသံကိုကြားပြီး ချက်ချင်းဆိုသလိုကိုယ်စီကိုယ်စီထွက်သွားကြသည်။လွှမ်းသစ္စာ ကိုယ်တိုင်လည်း
မိုးသက်ညာကိုခေါ်ပြီး ထွက်သွားတာကြောင့် ထမင်းစားဆောင်ထဲတွင်
ရှင်းသန့်ထက်တို့အုပ်စုသာကျန်ခဲ့သည်။

အသွင်(completed)Where stories live. Discover now