လွှမ်း၏မျက်ဝန်းသည် ဒေါသကြောင့် အရောင်ဝန်းဝန်းတောက်နေကာ အခုလို သူငယ်ချင်းလို့သတ်မှတ်ထားတဲ့ လူနှစ်ယောက်ဆီကနေ သစ္စာဖောက်ခံလိုက်ခြင်းက ရင်ဘက်ထဲရှိအနှက်ရှိုင်းဆုံးအရာသည် အစိပ်စိပ်ကြွေမွသွားသလို ခံစားလိုက်ရသည်။
"တယ်ခက်တာပဲ လွှမ်းရယ်
ဒူးထောက်ဖို့ကို ဒီလောက်တောင် ဝန်လေးနေလား
ဒီမှာ ဒူး လေးတစ်ဖက်ကိုထောက် ပြီးရင်
/ရှင်းသန့်ရယ် ငါ့ကားကိုဝယ်ပေးပါ/လို့ပဲ တစ်ခွန်းလောက် ပြောလိုက်စမ်းပါ
ငါက နင့်ရောင်းဈေးထက် သုံးဆပစ်ပေးပြီး ဝယ်လိုက်မယ်""လုပ်လိုက်လေ လွှမ်းရဲ့ ငါတို့က စေတနာနဲ့ခေါ်လာပေးတာကို
နင်က ဒီလိုပေကပ်ကပ်လုပ်နေတော့
ငါတို့မျက်နှာပျက်တာပေါ့ မဟုတ်ဘူးလား"လွှမ်းနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော အနိုင်ရသူတစ်ယောက်လို မာန်ချီနေသည့် ရှင်းသန့်ထက်ဘေးတွင် သိုးရေခြုံထားသည့် အလွန်စပ်ဆုပ်စရာကောင်းသော မျက်နှာနှင့် အရှက်မရှိမျက်နှာပြောင်တိုက်နေကြသည့် ဟေမာန်ဦးနှင့် အိုင်းရစ်ကို ကြည့်ရင်း လွှမ်းသစ္စာ ပျိုု့အန်ချင်သည် အထိ ရွံမုန်းသည်။
ငွေရှိချိန်ကတော့ သူငယ်ချင်းပေါ့။ နည်းနည်းေလာက်
အေခြအေနယိမ်းယိုင်သွားတာနဲ့ တိရစ္ဆာန်လောက်တောင်အဆင့်မရှိတဲ့သူတွေက ကိုယ့်သူငယ်ချင်းကို ကောင်းကောင်းကြီးအရှက်ခွဲလေသည်။ရိုးရိုးသားသားအကူအညီတောင်းမိတာက တစ်ခုသာ။ လွှမ်း၏ကားကို ရောင်းချင်နေတာကြာပြီ အခုလို အခြေအနေနဲ့ဆို ပိုပြီးတောင်သေချာသည်။ မာမီ့ကို လိုက်ရှာနေတဲ့သူတွေက လွှမ်းကားကို ခြေရာခံပြီး တည်နေရာကိုရှာဖွေနိုင်သည့်အချက်ကြောင့်ပင်။
ဒါကို တစ်ဖက်ဝယ်မည့်သူက တွေ့ချင်သည်ဆိုတာကြောင့် လွှမ်းကယုံကြည်ပြီးတွေ့လိုက်မိတာ။ သူငယ်ချင်းနှစ်ယောက်က အလေးသာတဲ့ရှင်းသန့်ထက်ဘက်ကို တောက်တဲ့ပမာ ကပ်တွယ်နေပြီဆိုတာနားလည်လိုက်ရသည်။ ရှင်းသန့်ထက်၏အမေ ဒေါ်ခင်သိင်္ဂရဲ့လုပ်ငန်းတွေက "လွှမ်း"ကုမ္ပဏီနှင့်ဆက်စပ်မှုမရှိသည့်အတွက် စီးပွားရေးရိုက်ခတ်ဒဏ်ကို မခံရခြင်းဖြစ်သည်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...