Part-27☄

589 31 3
                                    

Unicode

စိုင်း၏ ကားပေါ်မှ ဆင်းပြီးတဲ့နောက်
ရတဲ့တက္ကစီကို ငှားပြီး မိုးသက်ညာရှိတဲ့ ကွန်ဒိုဘက်သို့ အလောသုံးဆယ် ထွက်လာသည်။တစ်လမ်းလုံးလည်း လွှမ်း၏ခံစားချက်များက ပလုံးပထွေးပင်။မာမီ့ကို ဒုက္ခရောက်စေတဲ့ အစ်ကိုဖြစ်သူကိုစိတ်နာခြင်းနှင့်အတူ ချစ်ရတဲ့ ကိုကို့ကို ဆုံးရှုံးရသည့်အတွက်လည်း သူမ မဖော်ပြတတ်အောင် စိတ်ထိခိုက်၏။

အစ်ကိုဖြစ်သူအကြောင်းကို တစ်ခွန်းတစ်လေမှ တိုင်ပင်ခြင်းမရှိခဲ့တဲ့ သူငယ်ချင်းဖြစ်သူစိုင်းသူရကိုလည်း စိတ်နာသည်။

အဆိုးဆုံးက အဆိုးဆုံးကတော့ သက်ညာပင်။ လွှမ်းထက် ငယ်သူဖြစ်တဲ့သက်ညာကို ညီမလေးတစ်ယောက်လို၊ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လို၊ တစ်ဦးတည်းကျန်ရစ်တဲ့မိသားစုတစ်ယောက်လို၊ တန်ဖိုးထားချစ်ရသူ မိန်းကလေးတစ်ယောက်လို အလေးထားပါလျက် ကိုကို့ ကိစ္စကို လွှမ်းအား မတိုင်ပင်တာတော့
လွှမ်းစိတ်ဆိုးသည်၊ ကိုယ့်ဘက်က
သူမကို အလေးထားပြီး တစ်ဦးတည်းသော တိုင်ပင်ရာ၊ ခိုနားရာရပ်ဝန်း
တစ်ခုလို့ သဘောထားပေမယ့်
သက်ညာက ထိုနည်းတူမဟုတ်တာ
သိရတော့ သူမ သိပ်ကိုမှ ဝမ်းနည်းလေသည်။

ကားပေါ်က ဆင်းပြီး ဓာတ်လှေကားနှင့် ၁၂ လွှာကို တက်ခဲ့သည်။
ရင်တုန်သံတွေ မငြိမ်မသက်ဖြစ်လွန်းလို့ တစ်လွှာချင်းတစ်လွှာ
တက်နေသော ဓာတ်လှေကားကိုပင် လွှမ်းစိတ်မရှည်ပေ။
ဝင်‌ေနထွက်‌ေနသည့် သူတွေပင် လွှမ်းကို လှည့်ကြည့် လှည့်ကြည့်နေသည်။ သူမပုံစံက ငိုကြွေးချင်တာကို မနည်း သည်းခံထားရပြီး
ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီစွေးနေလျက်။လွှမ်းကတော့ ထိုသူများကို ဂရုမစိုက်နိုင် ညာဘက်ပုခုံးပေါ်လွယ်ထားတဲ့ ကျောပိုးအိတ်၏လက်ကိုင်ကို လက်သီးဆုပ်ဖြင့် ကျစ်နေအောင် ဆုပ်ထားလိုက်သည်။

ဓာတ်လှေကားက ထွက်ထွက်ချင်းပဲ စိုင်းသူရ၏အခန်းရှိရာသို့ သွားသည်။ ဒီအခန်းကို လွှမ်းက မကြာခန ဆိုသလိုရောက်ဖူးတာကြောင့် သူမထံမှာ
သော့အပိုပင်ရှိလေသည်။တုံဆိုင်းမနေတော့ဘဲ အခန်းသော့ကတ်ကို တံခါးဆီဖိကပ်လိုက်တာနဲ့ တံခါးက အလိုကျပွင့်သွားသည်။တံခါးပွင့်သံကြားတော့ ဝရန်တာမှာရပ်နေတဲ့ သက်ညာက တံခါးဆီကို အပြေးလေးလာလေသည်။သို့သော် တံခါးနားမရောက်သေးခင်ဘဲ ခြေလှမ်းတို့က အရှိန်‌ေသသွားသည်။

အသွင်(completed)Where stories live. Discover now