Part-22☘

787 35 2
                                    


မြန်မာလူမျိုး၏ ဗုဒ္ဓဘာသာအပေါ်ယုံကြည်သက်ဝင်မှုသည်ဆိုလျှင် ရှေးယခင်ကတည်းကစ ယခုအချိန်ထိ ဘာသာတရားကို မမေ့မလျော့ ဆည်းကပ်နေကြဆဲပင်ဖြစ်၏။
ဘုရား၊တရား၊သံဃာ ရတာနာသုံးပါးအား နေ့စဉ် အလှူရေစက်လက်နှင့်မကွာ ရွတ်ဖတ်ကြခြင်း၊ လှူဒါန်းမှုပြုခြင်းသည် မြန်မာဟူသော ပြယုဒ်နှင့် ဆက်သွယ်နေသော အဓိက အချင်းအရာသာဖြစ်ပေသည်။

ထို့အတူစွာပင် ယခုရောက်ရှိနေသော ကုသိုလ်တော်ဘုရားတစ်ဝန်းလုံးသို့ ဘုရားဖူးတို့၏ရွတ်ဖတ်ပူဇော်သံတို့သည် တညံညံ တညံညံ ပျံနှံနေလျက်ရှိပါသည်။နံနက်ကိုးနာရီအချိန်ဆိုသော်ငြား အုံမိုင်းသော တိမ်တိုက်တို့၏အကူအညီဖြင့် မန်းလေးနေက မပြင်းလှ။ အသူရာနေမင်းအား တိမ်တိုက်တို့ တစ်ခနမျှ ကွယ်လိုက်သောအခါတွင် လောကတစ်ခွင်သို့ အေးချမ်းသော အရိပ်အာဝါသကို ပေးသလို နေရောင်ခြည်ပြန်လည်ပွင့်လန်းသောအခါတွင်လည်း တစ်ဖန် ရွှင်လန်းရပြန်သည်။

မိုးသက်ညာသည် ဘုရားဝတ်ပြုပြီးသည်နှင့် ခေါင်းလေးကို မတ်ကနဲထောင်ကာ ဘေးဘီကို ဝေ့ဝဲကာကြည့်၏။

သူမနှင့်အနည်းငယ် လှမ်းနေသည့်
ဟိုးအရှေ့မှာထိုင်နေတဲ့ ဟိန်းထက်မောင်ကိုတွေ့ရသည်။ ဟိန်းထက်က ဘုရားရှိခိုးခြင်း ပြီးသေးဟန်မတူ။
ဟိန်းထက်မောင်ကို သက်ညာအတော်လေးချော့ယူထားရသည်။ပိတ်ရက်ကျရင် အတူအပြင်သွားမယ်ဆိုမှ ဟိန်းထက်မောင်၏မျက်နှာ ပြန်လည်ပြုံးရွှင်လာခဲ့ခြင်း။

ပုံမှန်ထက်သစ်လွင်နေတဲ့ မိုးပြာရောင်ပုဆိုးလေးကို စတစ်အင်္ကျီနှင့် ဝတ်ထားတော့ ချော့သည့်ရုပ်ရည်က သိသိသာသာ ပိုမိုထင်းထွက်လို့နေသည်။ အနီးရှိကောင်မလေးတွေဆို ဟိန်းထက်မောင်ကို ငေးနေတာ ဟန်တောင်မဆောင်နိုင်။တတွတ်တွတ်နှင့် အုပ်စုလိုက်ကို အဖော်ညှိပြီး ပြောနေခြင်း။

"လာ..လိုက်ခဲ့ လွှမ်း"

ဘေးမှာ သက်ညာ ရှိခိုးပြီးတဲ့အထိ ထိုင်စောင့်ပေးနေတဲ့ လွှမ်း၏လက်ကို ဆွဲကာ ရင်ပြင်ပေါ်ကို ထွက်လာရသည်။
ခါကြီးရက်ကြီးမဟုတ်တာကြောင့် လူက သိပ်မများလှ။ သို့သော်လည်း နယ်နီးနယ်ဝေး ဧည့်သည်တွေ အဆက်မပြတ်တာကြောင့် မရှုပ်သော်လည်း မရှင်းလှပေ။

အသွင်(completed)Where stories live. Discover now