Part-31🤗

591 36 0
                                    

Unicode

သူ့ရှေ့သို့ နွားနို့တစ်ခွက်ချပေးပြီး
သူမကိုယ်တိုင်ကလဲ နွားနို့ပူပူကို ဖြည်းဖြည်းချင်းမှုတ်ကာသောက်နေရင်း ခင့်မျက်နှာထားက
ခပ်အေးအေးပင်။

ဘာကြောင့် ညအချိန်ကြီးရောက်လာရတာလဲ၊ အရေးကြီးကိစ္စတွေရှိနေလို့လား စသဖြင့် တွေဝေပူပန်နေခြင်းတွေကိုလဲ ခင့်မျက်ဝန်းထဲမှာ မတွေ့ရ။

ပြောရရင် ပိုင်အာကာရောက်လာမှာကို ခင့်ဘက်က ကြိုမျှော်လင့်ထားတဲ့သဘောလား။

ဒီခြံ ၊ဒီမြေက ပိုင်အာကာ အမြဲဝင်ထွက်သွားလာနေတာကြောင့် မစိမ်းပေ။သို့သော်လည်း အမျိုးတွေဆီက ခွဲထွက်ပြီးနေကြတဲ့ ခင်တို့ သားအမိနှစ်ယောက်နဲ့ အိမ်က အလုပ်သမားအနည်းစုသာ နေတဲ့အိမ်ကိုတော့ ပတ်ဝန်းကျင်က ပြောစရာလွတ်အောင် မသင့်တော်တဲ့အချိန်တွေဆို ယောက်ျားလေးတစ်ယောက်အနေနဲ့ ပိုင်အာကာ
စည်းမကျော်ခဲ့စတမ်း။

အခုတစ်ခေါက်မှာတော့ စိတ်ထဲက မတင်မကျ သံသယတွေကို
အတည်ပြုဖို့ရာအတွက် ပိုင်အာကာရောက်လာမိတော့၏။

"ခင် ကို့ကို ပြောစရာမရှိဘူးလား"

အိမ်မှာနေတဲ့အချိန်ဖြစ်တာကြောင့် ချည်နှောင်မထားတဲ့ ရှည်လျားသော ဆံနွယ်တို့ကို နောက်ကျောဘက်သို့
ပို့လိုက်ရင်း............

"ဒီမေးခွန်းကို မေးဖို့အတွက်နဲ့ ည၁၀နာရီလောက်ကြီး အိမ်ကို လူကိုယ်တိုင်ရောက်လာရတာလား.......ဟင်"

"ခင် "ကို" မေးတာကိုပဲဖြေပါ"

"မရှိဘူး! ထွေထွေထူးထူး
ဘာမှပြောစရာမရှိဘူး ကိုပိုင်"

ပိုင်အာကာ့ထံသို့ မမှိတ်မသုဉ် ကြည့်ကာပြော၏။

"ဟုတ်ပြီလေ ခင်က မပြောတော့လည်း ကို့ဘက်ကပဲ အရင်စပြောရတာပေါ့

ခင့်ဆန္ဒအတိုင်း ကိုဖိုးထူးရဲ့မိသားစုနဲ့ ညှိနှိုင်းဖို့အတွက် "ကို" ရှင်းသန့်ထက်ကို စစ်ကိုင်းကို သွားခိုင်းခဲ့တယ်။
ဒါပေမယ့် သူ့မိသားစုဝင်တွေက
လွှမ်းတို့ဘက်ကို ရောက်နှင့်ပြီးသား။ကိုတို့ ညှိနှိုင်းမှုကို လက်မခံခဲ့ဘူး။ဒါတွေကို ကိုမပြောလည်း ခင်သိပြီးသား ဖြစ်မှာပါ......

အသွင်(completed)Where stories live. Discover now