Part-21🌺

852 36 0
                                    


ပူနွေးသောရာသီကာလ၏အပူရှိန်သည် ပတ်ဝန်းကျင်ရှိ လေထုကိုပါ ကူးစက်ရင်း နွေအကြို၏အငွေ့အသက်လေးကို ယိတ်ယိတ်ခံစားရနေသည်။ လူတို့၏အာရုံကြောဆိုင်ရာ သဘာဝအလျောက်တုံ့ပြန်နိုင်မှုကြောင့် ယခုလိုရာသီတွင် အေးမြစေသည့် အရာတို့ကို ရွေးချယ်ပြုလုပ်တတ်ကြ၏။ထိုထဲကမှ လွှမ်းအကြိုက်ဆုံးတစ်ခုသည် ကြည်လင်ကာအေးမြနေသည့် ရေကန်ထဲတွင် ကစားရခြင်းသာဖြစ်သည်။

"စိုင်းသူရ နင်မညစ်နဲ့ဟာ ဘောလုံးကို ငါ့ဆီရောက်အောင်ပုပ်!"

ချော်ထွက်သွာသည့်ဘောလုံးကို ရေကန်ထဲတွင်လိုက်ကောက်နေတုန်း မကျေနပ်သံလေးဖြင့် လွှမ်းကဆိုသည်။
တစ်ဖက်က စိုင်းက လွှမ်းကို မထိတထိလေး စရလို့ ပျော်နေသည်။ ကျောင်းပိတ်ရက်လေး သူငယ်ချင်းသုံးယောက်လုံး အပြင်သွားလည်ကြဖို့စီစဉ်ပေမယ့် အိမ်ရောက်တော့ လွှမ်းက မသွားချင်ဘူးဆိုတာကြောင့် လွှမ်းသဘောကျ အိမ်မှာပဲ အတူဆော့ပေးနေရသည်။

လွှမ်းက ရေကူးဝတ်စုံအပြည့်နှင့်ဖြစ်ပြီး စိုင်းသူရက အပေါ်ပိုင်းဗလာနှင့် ဒူးထိရှည်တဲ့ဘောင်းဘီကို ဝတ်ထားသည်။
သော်က .....သော်ကသည်တော့ ဒူးဖုံးနေတဲ့ ခပ်ဖျော့ဖျော့ ဂါဝန်လေးကို ပုံမှန်အတိုင်းဝတ်ဆင်ထားသည်။သူမ၏ လေးထောင့်ကျကျ မျက်မှန်ကလည်း မပါမဖြစ်။ သော်က မေမေ၏ထိန်းသိမ်းပေးမှုကြောင့် ခင်သော်က၏ ဆံနွယ်တို့သည် အမြဲတမ်း ကျောပေါ်သို့ ဖြောင့်ဖြူစွာ ဆင်းကျလျက် လှပနေလေ့ရှိသည်။ ထိုရိုးရှင်းသော အပြင်အဆင်ကြောင့် ပုံမာန် ငါးတန်းကျောင်းသူတစ်ယောက်ထက် ပို၍ရင့်ကျက်ပုံပေါ်နေသည်ပင်။
လွှမ်းသစ္စာကို၏ ရေးစာအုပ်ထဲသို့ သင်္ချာပုစ္ဆာတို့ကို ချတွက်ပေးနေသောလက်တို့သည် ထိုရေကန်ထဲရှိတစ်စုံတစ်ရာကို ငေး၍ ခေတ္တမျှ ရပ်တန့်သွားသည်။

ကြည့်ကောင်းသည့်ရုပ်ရည်၊ယောက်ျားလေးတန်မယ့် ဝင်းမွတ်သည့်အသားအရည်၊ သူရဲ့ လူတိုင်းအပေါ်ကြင်နာတဲ့စိတ်ထားကြောင့် စိုင်းက အခန်းထဲမှာ လူသိများသည်။ စိုင်းကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတွေလည်းအများသား။
စိုင်းမှာ ငါးတန်းကျောင်းသားနှင့်မမျှသည့် အရပ်အမောင်းရှိသည်။ ပြေပြစ်တဲ့အသားအရည်၊ နက်မောင်ပြီး ခပ်ထူထူဆံသားတွေ၊ ပိန်တယ်ဆိုသော်ငြား အသားပြည့်ပြည့်ကျစ်လစ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ စိုင်းကအချိန်ပြည့် ခင်သော်က ၏အကြည့်တွေကို နေရာယူထားသည်။စိုင်းသာ ဒီမှာ မရှိနေလျှင် သော်ကဆိုတာ ရှိမှာမဟုတ်။ အခုလို လွှမ်းရဲ့အိမ်စာတွေကိုလည်း တွက်ပေးနေမှာမဟုတ်။ဒါပေမယ့် စိုင်းအနားမှာသာနေရရင် ဘာပဲခိုင်းခိုင်း သော်က ညိုငြင်မှာမဟုတ်။

အသွင်(completed)Where stories live. Discover now