Part-8 💢

1K 52 0
                                    

လေအဝေ့တစ်ချက်တွင် သူမ၏ဆံနွယ်တို့သည် တယိမ်းယိမ်း လေညှင်းနှင့်အတူ ကခုန်နေကြသည်။ရှည်သွယ်လှသည့် လက်ချောင်းတို့က ငှက်တို့၏အိပ်တန်းတက် တေးသွားတို့နှင့်အတူ ယှဉ်တွဲကာ လှုပ်ရှားနေရင်း ဝတ်ထားသည့် အင်္ကျီဖြူလွလွက လေပြေအေးနှင့် အပ်စပ်လှသည်။
ဤပုံရိပ်သည်ပင် အခြားပန်းချီဆရာတစ်ယောက်၏ အကောင်းမွန်ဆုံးလက်ရာတစ်ခုအဖြစ်ပြောင်းလဲနိုင်ပေသည်။

လွှမ်းလို ဂျစ်ကန်ကန်ကောင်မလေးမျိုးက ပန်းချီဆွဲသည်တဲ့ မည်သူထင်မည်နည်း။

ထိုနည်းတူ သက်ညာလည်းမထင်မိပါချေ။ လွှမ်းအခန်းထဲက ပန်းချီကားတချို့ကို တွေ့ဖူးပေမယ့် ကိုယ်တိုင်ဆွဲထားလိမ့်မည်လို့ တွေးမကြည့်ခဲ့ဘူး။အခုလည်း ခြံထဲမှာ လာပြီးပန်းချီဆွဲနေသည့် "လွှမ်း"၏အနားကိုလည်းမသွားရဲတာနဲ့ သစ်ပင်အကွယ်ကနေ ချောင်းကြည့်နေမိသည်။

"အဲ့မှာ ဘာရပ်လုပ်နေတာလဲ"

"ဟီး ..."လွှမ်း"က ဘယ်လိုလုပ်သိတာလဲ"

သစ်ပင်နောက်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ချောင်းကြည့်နေတဲ့သူ ဘယ်တော့မှထွက်လာမလဲစောင့်နေတာ။တော်တော်နဲ့ထွက်မလာသူကြောင့် ကိုယ်ကပဲ စကားစရသည်။

"လွှမ်း ဘာလုပ်နေတာလဲ"

"ပန်းချီဆွဲနေတာလေ မမြင်ဘူးလား"

"လွှမ်း"

"ဘာလဲ တလွှမ်း လွှမ်းနဲ့ အနားလာပြီးအာရုံနောက်အောင်"

"ဟို သက်ညာ လွှမ်း ကို စိတ်ဆိုးအောင်တစ်ခုခုလုပ်မိတာရှိလား"

"ဘာလို့ စိတ်ဆိုးရမှာလဲ ကလေးကလား"

"တကယ်လား"

"တကယ်ပါဆိုနေမှ"

စိတ်မဆိုးဘူးသာဆိုတယ် သက်ညာကို တစ်ချက်မှမော့မကြည့်သူကြောင့် စိတ်ဆိုးနေတာ ရာနှုန်းပြည့်သေချာသည်။

"ဘာပုံတွေဆွဲနေတာလဲ"

လွှမ်းရှေ့ရှိ ပန်ချီကားပေါ်တွင် ရဲရဲနီ နှင်းဆီပွင့်တစ်ခုက နေရာယူထားသည်။

နှင်းဆီပွင့်စိုစိုကို ဆူးအပြည့်နှင့်‌ဝန်းရံထားပြီး မြင်ရသူအဖို့ ချက်ချင်းမှင်သက်သွားစေသည်။

အသွင်(completed)Where stories live. Discover now