Part-14⚕️

728 35 2
                                    


ဘဝဆိုတဲ့ ကျယ်ပြောနက်နဲလှတဲ့ ပင်လယ်ပြင်မှာ လူသားတို့သည်
တစ်ထောင့်တစ်ည လိုက်ပါစီးနင်းလာသည့် ခရီးသည်များသာ ဖြစ်သည်။
ထိုခရီးအစမှာ သင်မွေးဖွားလာကတည်းက မိဘနှစ်ပါးနှင့်အတူ အခြားမိသားစုဝင်တွေ ဘေးမှာ လိုက်ပါခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ သင့်ဘဝထဲကို  မိတ်ဆွေတွေသူငယ်ချင်းတွေ၊ချစ်ရသူတွေ အမျိုးမျိုး တစ်နည်းမဟုတ်တစ်နည်းဖြင့် ဝင်ရောက်လာကြမည်ဖြစ်သည်။ ဒီလိုနဲ့ တဖြည်းဖြည်း သံယောဇဉ်ကြိုးတွေ အထပ်ထပ်ချည်နှောင်မိပြီး ထိုသူတို့နှင့်အတူ
ဘဝဆိုတဲ့ပင်လယ်ပြင်မှာ လက်ပစ်ကူးပျော်ပါးခဲ့ကြတဲ့ နေ့ရက်များလည်း
မရေတွက်နိုင်ပေ။

သို့သော် ပင်လယ်ဆိုသည့်အရာက သာယာတဲ့အရာများနှင့်သာ ပြည့်နှက်နေသည်တော့မဟုတ်။
ပြင်းထန်လှသည့်မုန်တိုင်းနှင့်
ကြုံဆုံလာသည့်အခါ ပင်လယ်ပြင်ဟာ ရက်စက်သည့် စစ်မြေပြင်တစ်ခု
အဖြစ် အသွင်ပြောင်းလဲသွားပြီး သင်၏ချစ်ရသူတို့ဟာ ထိုမြေပြင်မှာပဲ  ခွဲခွာချန်ရစ်ကြတော့မည်။
သို့ပေသော်ငြား ကျန်ရစ်သူမှာ ရှေ့ဆက်ရမည့် ခရီးတစ်ခုရှိသေးတာမို့ ခရီးဆုံးသည့်တိုင်
တစ်ယောက်တည်းသာ ဆက်လက်လျှောက်လှမ်းရ‌ေပဦးမည်။ နှုတ်ဆက်ခွဲခွာသူများကိုတော့ လွမ်းဆွတ်ရုံသာ……..…..

လွှမ်း သက်ညာကို ကြည့်မိသည်။ ခြေထောက်က ဒဏ်ရာကို nurse တစ်ယောက်က ဆေးထည့်ပေးနေသည်။ ဒဏ်ရာကပုလင်းကွဲဝင်သွားတာကြောင့် အတော်လေးနက်သည်။
သက်ညာကို ကြည့်ရတာစိတ်မချမ်းသာလှ။ ဖြူဖတ်ဖြူယော်နှင့် ဖြစ်သွားတဲ့ကိစ္စအပေါ် အလွန်ထိတ်လန့်သွားပုံရသည်။ ပါးပေါ်က မျက်ရည်တို့က ဒဏ်ရာကြောင့်လား အားလုံးမမျှော်လင့်ထားခဲ့တဲ့ ဒယ်ဒီ၏ဆုံးပါးသွားမှုကြောင့်လား။

ဒယ်ဒီက ဆုံးပါးသွားပြီ နှလုံးခုန်သံတို့ ထာဝရ ရပ်စဲသွားပြီ။
လွှမ်းရဲ့ဂုဏ်ပြုပွဲမှာလေ။
လွှမ်း ဒယ့်ဒီကို မချစ်ဘူးဆိုရင်ဗြောင်လိမ်ရာကြမည်လား။ ဆယ်ကျော်သက်အရွယ်မှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အနေစိမ်းသွားခဲ့ပေမယ့် ကလေးဘဝတည်းက တည်ကြည်တဲ့ အသွင်အပြင် အရာရာကို ဦးဆောင်နိုင်တဲ့ ဒယ်ဒီ့ကို လွှမ်း အလွန်အားကျခဲ့သည်။
အခြားကလေးတွေလို ကိုယ့်အဖေနဲ့အတူ အချိန်တွေကုန်ဆုံးချင်တာ ကလေးငယ်တစ်ယောက်ရဲ့အိမ်မက်။လွှမ်းက ဆိုးသွမ်းနေမှ ဒယ်ဒီက လွှမ်းကိုဆူမယ် လွှမ်းကို ဂရုစိုက်မယ် လွှမ်းအကြောင်းတွေကို အမြဲနားထောင်နေမည်။ လွှမ်း အားလုံးအပေါ်ဆိုးနေတာ ဒယ်ဒီ့ကြောင့်ပဲ။အဲ့ဒါကိုရော သိသွားရဲ့လား။ ဒီလိုအစောကြီးခွဲခွာသွားမယ်ဆိုတာ သိခဲ့ရင် သမီးလေ ဒယ်ဒီ့ကို
ချစ်တယ်လို့ တစ်ခေါက်လောက်ပြောခဲ့ပါတယ်။ ညစာလည်း အတူတူစားခဲ့မှာ။ အနည်းဆုံး တစ်ခေါက်လောက် တစ်ခေါက်လောက် ဒယ်ဒီ့ကို တင်းတင်းကျပ်ကျပ်လေး ဖက်ထားခဲ့မှာ။

အသွင်(completed)Where stories live. Discover now