Part-36👾

697 42 0
                                    

Unicode

"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်.........

တီ!!!"

သက်ညာကို ဆက်တိုက်ခေါ်နေသော်လည်း ပြန်မဖြေတာကြောင့် နောက်ဆုံး လက်လျှော့ပြီး ဖုန်းကိုချထားလိုက်တော့၏။ဒီအချိန်ထိ မာမီနဲ့အတူ ဘယ်တွေသွားနေလဲ တွေးရင်း လွှမ်း ပြုံးမိသွားသည်။

မနက်က သက်ညာကို မာမီနဲ့အတူ အပြင်ခေါ်သွားချင်တယ်ဆိုပြီး
ပြောတုန်းကဆို လွှမ်းမှာ တစ်ကယ်အံ့အားသင့်သွားတာ။
ပြီးတော့ လွှမ်းကိုတောင် မခေါ်ဘဲ နှစ်ယောက်တည်းပဲ သွားချင်တာပါတဲ့လေ။

သက်ညာလည်း အပြင်မထွက်ရတာ ကြာပြီမလို့ စိတ်ချစွာပင် မာမီနဲ့ ထည့်ပေးလိုက်၏။

တစ်ချိန်ချိန်မှာ မိုးသက်ညာက
လွှမ်းတို့ မိသားစုရဲ့ တရားဝင်မိသားစုဝင်တစ်ယောက်ဖြစ်လာမှာဖြစ်တဲ့အတွက် မာမီနဲ့အဆင်ပြေပြီး ရင်းရင်းနှီးနှီးရှိထားတော့လည်း ပိုပြီးကောင်းတာပေါ့။

အခုတလော လွှမ်းသတိထားမိတာကတော့ အရင်လို သက်ညာအပေါ် ခါးခါးသီးသီး မဟုတ်တော့ဘဲ
ခင်တွယ်လာတယ်လို့ထင်မိသည်။
ဒီလိုပဲ ဖြစ်ရမယ်လေ သက်ညာလို အသွင်လေးကလည်း လှ၊
ချစ်ဖို့ကလဲ အင်မတန်ကောင်း၊ စိတ်ထားလေးကလည်း ဖြူစင်၊
ဘယ်သူနေနေသက်ညာနဲ့ခင်တာ
ကြာလာရင် သက်ညာမှသက်ညာကို ဖြစ်သွားတာပဲ။
မာမီလဲ အဲ့လိုဖြစ်သွားပြီ ထင်ရဲ့။

စာကြည့်ခန်းထဲ၌ တစ်ယောက်တည်းထိုင်နေရင် လွှမ်းသစ္စာကို က
ကျေကျေနပ်နပ်ကြီးပင် ပြုံးလိုက်ပြန်သည်။

ကိုယ့်စိတ်ကိုယ်ပြန်ထိန်းပြီး
လပ်တော့ပ်ဆီကို ပြန်အာရုံစိုက်ရသည်။ မဟုတ်ရင် မိုးသက်ညာ
အ‌ေကြာင်းလေး‌ေတွကလေ လွှမ်းခေါင်းထဲက ထွက်တော့မှာမဟုတ်ဘူး။

အခုဆို လွှမ်းတို့မှာ ပြဿနာတွေ ၊
ပူပန်မှုတွေ မရှိတော့တာကြောင့်
သက်ညာလုံခြုံရေးအတွက်လည်း စိတ်ချလို့ရသွားပြီ။ ဒါကြောင့်
သက်ညာ Uni တက်ဖို့ကိစ္စကို စီစဉ်ရတော့မည့် အချိန်ရောက်ပြီဟု
စဉ်းစားမိပြီး အစိုးရနဲ့ Private တက္ကသိုလ်တွေကို စတင်စာရင်းပြုစုရတော့သည်။ လွှမ်းအနေနဲ့ သက်ညာတစ်ဘဝလုံးစာကို တာဝန်ယူနိုင်ပေမယ့်လို့ သက်ညာကိုတော့ အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်အဖြစ် လွှမ်းမြင်ချင်သေးတယ်။

အသွင်(completed)Where stories live. Discover now