ယူနီဖောင်းအင်္ကျီအဖြူကို ခေါက်ရိုးကျိုးအောင် တစ်သားတည်းညီညီညာညာပြန့်ပြူးစေရန် မီးပူအိုးကို လျှော့လိုက်တင်လိုက်ချိန်ညှိကာ
တစ်ထည်ပြီးတစ်ထည် အားကြိုးမာန်တက် တိုက်နေသူမှာ လွှမ်းသစ္စာကို။ ဧည့်ခန်း၌
တစ်လုံးတည်းရှိနေတဲ့ တီဗီချန်နယ်မှ လာသော ရောက်တတ်ရာရာ
အသံတို့ကြောင့် သူမတို့နှစ်ယောက်တည်းရှိတဲ့ အိမ်လေးက ပိတ်ရက်မှာ အသံတွေဝေလို့။လွှမ်းသည် ကိုယ့်ရဲ့အဖြစ်သည်းမှုကိုယ် တွေးကြည့်ကာ တစ်ယောက်တည်း သဘောတွေ့ကာ ပြုံးမိပြန်သည်။အတိတ်တစ်ချိန်ကဆိုရင်
နံနက်ချိန်ခါ ၈နာရီသည် သန်းခေါင်ယံခါကဲ့သို့ အိပ်ချိန်။ နေ့နဲ့ည မှားယွင်းစွာနေထိုင်ခဲ့သည့် လွှမ်းအဖို့ နေ့ထွက်ချိန်ကို မြင်ရဖို့ဆိုတာ ခဲယဉ်းစွ။သူတစ်ပါး အင်္ကျီကို လျှော်ဖွတ်ပေးဖို့နေနေသာသာ ကိုယ့်အင်္ကျီကို ချွတ်ချင်ရာချွတ်ပြီး ပရုတ်သုတ်ခ ပစ္စလက်ခတ်ထားတတ်သူ။
ခုချိန်များ သက်ညာနဲ့ မဆုံခင်အချိန်က လွှမ်းသစ္စာကို သာရှိနေပါလျှင်"လွှမ်းသစ္စာကို ...လွှမ်းသစ္စာကို
နင့်တစ်သက်နဲ့တစ်ကိုယ် ဒယ့်ဒီအင်္ကျီကို လျှော်ဖို့နေနေသာသာ ဘယ်နှခါများကိုင်ကြည့်ဖူးလို့လဲ...ဟမ်
ဒီကောင်မလေးနဲ့ကျမှ ဖူးဖူးကိုမှုတ်လို့ ရှေ့လျှောက်နင့်အတွက် ငါရင်လေးတယ်......ရင်လေးတယ်"
ဟူ၍ ဆိုနေမှာ အသေအချာပင်။တွေးလို့မဆုံးသေး အသီးပန်းကန်ကို ကိုင်ကာ သက်ညာက မီးဖိုခန်းထဲမှ ထွက်လာသည်။
"ပန်းသီးလေး စားရအောင်လေ လွှမ်း
အဲ့ဒါတွေကို သက်ညာလုပ်ပါ့မယ်
နားရက်လေး အေးဆေးနေပါလို့ပြောတာလဲ နားမထောင်ဘူး"အခွံခွာထားနှင့်ပြီသားပန်းသီးစိပ်တွေကို လွှမ်းထိုင်မည့်ေနရာသို့တိုးပေးပြီး ကျန်နေေသးတဲ့ ပန်းသီးတွေကို ဓားသေးသေးနှင့်ခွာလျက် မကျေမနပ်လေးသံလေးဖြင့်ဆိုသည်။
လွှမ်းက မီးခလုတ်ကိုပိတ်ပြီးနောက် သက်ညာဘေးကိုဝင်ထိုင်ကာ လက်ထဲမှ ခွာလက်စ ပန်းသီးနှင့် ဓားကို လက်လွဲယူလိုက်၏။
"သက်ညာပဲ အိမ်အလုပ်တွေ
အမြဲလုပ်နေတော့ နားတဲ့ရက်လေး အေးအေးလူလူနေပါ
ကျန်တာ လွှမ်းတာဝန်ထား"
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...