Part-33💦

687 40 0
                                    

Unicode

“….အရသာရှိလိုက်တာ
အခုမှပဲ ဒီလို လက်ရာကောင်းတာမျိုးစားရတော့တယ်

ဘယ်တုန်းက နောက်ဆုံးစားခဲ့ရတာလဲဆိုတာကိုတောင် မေ့နေပြီ

ဟိုမွေးစားသားကြောင့်သာ မဟုတ်ရင် ငါ့ဘဝက ဒီလို စုတ်ပြတ်သွားမှာ
မဟုတ်ဘူး

ဟွန့်…….တော်တော် မွေးရကျိုးနပ်တဲ့သား…………..”

ညနေစောင်းတဲ့အခါ မာမီ့ကို တရားရုံးမှ ထုတ်ပြီး ကွန်ဒိုကိုသာ ခေါ်လာခဲ့ကြသည်။အထဲမှာ တစ်လကျော်မက
နေလာခဲ့ရသူမို့ ယခုမူ အပျော်ဆုံးသူက ဒေါ်ထိပ်ထားဦးပင်။

ခက်ခဲနေချိန်မှာ စိုင်းအနားကို
မှီခိုနေကြတယ် ဆိုပေမယ့်လဲ
လွှမ်း အဆင်ပြေတဲ့ အခါကျရင်တော့ မာမီ့နဲ့ သက်ညာကို လွှမ်းကသာ
တာဝန်ယူစောင့်ရှောက်ထားချင်တဲ့ ဆန္ဒလေးလဲ အမြန်အကောင်အထည်ဖော်ဖို့ စဉ်းစားရတော့မည်။

“ အများကြီးထည့်စားနော် မာမီ
ပြန်လာမယ်ဆိုလို့ သက်ညာက
မနက်ကတည်းက ဟင်းတွေကို သေချာချက်ထားပေးတာ သက်ညာကလေ
ဒါမျိုးဆို သိပ်တော်တာ မာမီရဲ့”

“အဲ့လောက်လဲ မဟုတ်ပါဘူး လွှမ်းကလည်း”

မြှောက်တဲ့သူက မြှောက် ၊ ရှက်တဲ့သူက ရှက်နဲ့ ။ဒေါ်ထိပ်ထားသည် ရှေ့က ကောင်မလေးနှစ်ယောက်ကို ဝေ့ကာ ကြည့်လိုက်၏။

ပါးစပ်အစွန်းလေးကို ပုဝါဖြူတစ်ထည်နှင့် ဟန်ပါပါသုတ်ရင်း…………..

“ဒါနဲ့ မေးဦးမယ် သူက
ဟိုကောင်မလေးမလား
ပွဲမှာ ပြဿနာရှာတဲ့တစ်ယောက်”

“အသက်တောင် သိပ်မကြီးသေးဘဲနဲ့ သက်ညာကို မေ့နေပြီလား
ဟုတ်တယ်လေ မာမီရဲ့ အရင်သုံးနှစ်လောက်က သမီးတို့အိမ်မှာ ကျောင်းလာတက်တဲ့ ကလေးမလေးက တော်တော်လေး လှလာတယ်
မလား……”

ထမင်းဝိုင်းကို မြိုင်ဆိုင်စေရန်အလို့ငှာ ပြောလိုက်ခြင်းသည်ဖြစ်သော်လည်း ဒေါ်ထိပ်ထားဦးအမူအရာက
သက်ညာကို သဘောမကျဟန်ဖြင့်။

“သူက ဘာလို့ ဒီအိမ်မှာ လာနေ နေတာလဲ
ယုမော်တို့ နှင်းတို့ကို ပြန်ပို့လိုက်တုန်းက သူပါ ပါမသွားဘူးလား”

အသွင်(completed)Where stories live. Discover now