Unicode
ရှင်သန်ရတဲ့ ဘဝတစ်လျှောက်လုံးမှာ အမျိုးမျိုးသော လူတွေနဲ့
တွေ့ကြဆုံကြရတယ်။
အဲ့လိုပဲ အချိန်တစ်ခုရောက်ရင်တော့ ဘယ်လောက်ပဲ ရင်းနှီးချစ်ခင်ပါတယ်ဆိုတဲ့လူတွေတောင် တစ်နေ့မှာ
နယ်မြေခြားပြီးဝေးသွားရသလို ရက်စက်လွန်းတဲ့သေခြင်းတရားဟာလည်း အချိန်မရွေး ဆွဲခေါ်သွားတတ်လေ၏။သက်ညာအတွက်ေဝာ့ာလေ
လွှမ်းအနားကနေ ဒီလောက်မြန်မြန်ကြီး ထွက်သွားရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။
ဒါပေမယ့် သက်ညာနောင်တမရဘူး
သိလား။ကိုစိုင်းလက်ကို တွဲထားမယ့် လွှမ်းကို စင်အောက်က ငေးကြည့်နေရတာထက်စာရင် တိတ်တိတ်လေးပျောက်ကွယ်သွားလိုက်တာက ပိုပြီးကောင်းပါတယ်လေ။သက်ညာမရှိလို့ လွှမ်းဘဝလေး အဆင်ပြေချောမွေ့သွားတယ်ဆိုတဲ့ အသိလေးနဲ့တင် သက်ညာကျေနပ်နေပါပြီ။
ဘုန်းခေတ်သစ်ပို့ပေးလိုက်တဲ့
ကားလက်မှတ်လေးကို ဆွေးကာ
ကြည့်ရင်းတွေးနေမိ၏။ ဒီကထွက်သွားပြီးလို့ မန်းလေးကိုသာ ပြန်ရင် လွှမ်းက ချက်ချင်း လိုက်လာနိုင်တယ်ဆိုတာ သက်ညာသိသည်။ ဒါကြောင့် ခေတ်သစ်ကို အကူအညီတောင်းပြီး နယ်ဘက်က သူ့အဒေါ်ဆီတွင်
ခေတ္တပေးနေဖို့ကို သက်ညာတောင်းဆိုခဲ့သည်။ခေတ်ကတော့ သက်ညာလုပ်ရပ်တွေကို သဘောမကျသလို သူ့တစ်ဖို့တည်းသာ ကြည့်နေသော ဒေါ်ထိပ်ထားကိုလည်း
မကျေမနပ်ဖြစ်နေလေ၏။ကာယကံရှင်ဖြစ်တဲ့သက်ညာက
ထိုသို့ ဆုံးဖြတ်ပြီးမှာဝောာ့ ခေတ်မှာ
မတားနိုင်တော့ဘဲ လိုအပ်တဲ့အကူအညီသာ စိတ်မကောင်းစွာဘဲ ပေးလိုက်ရတော့၏။လွှမ်းအဆင်ေပြဖို့ကို ကြည့်ပြီး
ထွက်သွားရမယ်ဆိုတဲ့ ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်နဲ့
လွှမ်းကို ဘယ်အချိန်ကတည်းမှန်း
မသိဘဲ သေလောက်အောင် ချစ်မိသွားတဲ့ ဟောဒီ့နှလုံးသားကြားမှာ
ဦးနှောက်ကိုသာ
သက်ညာအလေးပေးမိလေပြီ။အဝတ်လဲခန်း၏တံခါးပိတ်သံကို ကြားေသာအခါ ပျာပျာသလဲဖြင့် လက်ထဲက ကားလက်မှတ်ကို အိတ်ထဲထိုးထည့်လိုက်ပြီး ဂျိတ်မှာ ချိတ်ထား ကုတ်အနက်ကို ဆွဲဖြုတ်ကာ
လွှမ်းဆီသို့။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...