Part-9 .▪️◼️▪️

1K 50 0
                                    

"OK 1 2 3
သက်ညာ
အပေါ်ထပ်လေးချွတ်လိုက်ပါလား
နည်းနည်းလေး change ရအောင်"

"ပေးပေး ခေတ်ကို"

ခေတ်သစ်က အပေါ်အင်္ကျီကို ချွတ်ပေးရင်း ဆံပင်ကို အနည်းငယ်သပ်ရပ်အောင် ဖြီးလိမ်းပေးသည်။ video ရိုက်ပြီးပေမယ့် photoshoot ပါတစ်ခါတည်းလုပ်မယ်လို့ဆိုတာကြောင့် သက်ညာခုထိအိမ်မပြန်ရသေး။

"အားလုံးပဲ ကျေးဇူးပါနော်
ခေတ်ကို အခုလို လာရောက်ကူညီပေးကြလို့ တကယ်ကျေးဇူးတင်ပါတယ်"

အခန်းထဲရှိ ပစ္စည်းပစ္စယတွေကို ဝိုင်းဝန်းသိမ်းဆည်းကြရင်း ပြန်ဖို့စီစဉ်ကြသည်။

"ကျေးဇူးနော် အောင်"

"မလိုပါဘူး ကိုက ခေတ်ကိုကူညီဖို့အမြဲအဆင်သင့်ရှိတယ်
Videoနဲ့ဓာတ်ပုံ တွေကို သေချာပြန် edit ပြီးရင် ပို့ပေးလိုက်မယ်နော်"

"ဟုတ်ပါပြီ အောင်"

အောင်က ခေတ်သစ် အလယ်တန်းလောက်တည်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပင်။ ငယ်ငယ်တည်းက ခေတ်ရဲ့ ဖြစ်တည်မှုကို နားလည်ပေးခဲ့တဲ့ တစ်ယောက်သောသူဆိုလျှင်လည်းမမှား။ အခုဆိုရင်လည်း ခေတ်ရဲ့ဝါသနာကို တက်နိုင်တဲ့ဘက်က ထောက်ပံ့ပေးစမြဲ။

"အဟင်း အဟင်း ငါပြန်တော့မယ် ခေတ်သစ်"

"အေးပါ သက်ညာရဲ့"

"ဒါဆို ကိုလည်းပြန်တော့မယ်"

ပြုံးပြနှုတ်ဆက်သွားသော အောင်ရဲ့ကျောပြင်ကျယ်ကို ကြည့်ကာ

"ငါသိတယ်နော် ခေတ်သစ် ခေတ်သစ်"

"ဟာ သက်ညာကလည်း သိလည်းပြီးရော"

"အမယ် ဟန်တောင်မဆောင်နိုင်တော့ပါလား"

"တော်ပြီဟာ မစနဲ့တော့
အင်္ကျီက ဝတ်သွားလိုက်တော့နော် နောက်ကျနေပြီ တော်ကြာ နင့်ရဲ့ "လွှမ်း" က လိုက်လာနေဦးမယ်"

သက်ညာလက်မောင်းကို တွဲကာ ခြံထဲကို ရောက်သည့်နှင့် ကားတစ်စီးက တစ်ရှိန်ထိုးဝင်ရောက်လာပြီး ကားပေါ်မှ လူတစ်ယောက်ဆင်းလာသည်။

ထိုလူသည် သက်ညာတို့နှစ်ယောက်အနီးကို ရောက်လာကာ စိတ်ဆိုးမာန်ဆိုးဖြင့်

အသွင်(completed)Where stories live. Discover now