"ကျစ်......ကျစ် ခေါင်းကိုက်လိုက်တာ"သူမ၏နားထင်အား လက်နှစ်ချောင်းနှင့်ခပ်ဖွဖွဖိရင်း.......
မနေ့ကသောက်ထားတဲ့အရှိန်ကြောင့်ကော ဟိုကောင်မလေးကြောင့်ပါ
နိုးကတည်းက စိတ်ကအတော်လေး
မကြည်မလင်ဖြစ်နေသည်။
ကိုယ့်အိမ်ကိုယ်အိပ်တာတောင်
သူခိုးဆိုပြီး အရိုက်ခံရသေးတယ်။ဘာတဲ့ပြောသေးတယ်...
"နင့်အေဖကိုယ်တိုင် ကြည်ဖြူလို့
နေတာ နင်ပြောစရာမလိုဘူး" တဲ့။ဟင်း ... ဘယ်သူကကောပြောချင်နေလို့လဲ ဝေးသေး။
တော်တော်လူပါးဝတဲ့ ကပ်ပါးမလေး။တွေးလိုက်တိုင်း လွှမ်းသစ္စာ တနုံ့နုံ့နဲ့ ဒေါသဖြစ်ရသည်။ကြည့်နေပါ ဒီမှာနေတဲ့အတောအတွင်းကောင်းကောင်းကြီးကို ဒုက္ခပေးဦးမယ်။
သူမ၏မျက်နှာချောချောတွင် အပြုံးတစ်ခုပန်ဆင်လိုက်ပြီး ရေချိုးခန်း
ဘက်သို့ဦးတည်လိုက်သည်။
မိုးသက်ညာအတွက်တော့ မတွေးဝံ့စရာပင်။"သက်ညာလှီးပေးမယ်နော်"
"ရပါတယ်အမလုပ်လိုက်ပါ့မယ်"
"မဟုတ်တာ ....ညီမကူညီချင်လို့ပါ"
လွှမ်းသစ္စာကို အောက်ထပ်ရောက်လာသည်နှင့်မီးဖိုချောင်ထဲမှ မယုမော်နှင့်
ဟိုကောင်မလေး၏အသံတွေကို အတိုင်းသားကြားနေရသည်။"သူလုပ်ချင်နေတာပဲလွှတ်ထားလိုက်ပါမယုမော်ရယ်!"
တစ်ခြားသူနှင့်စကားပြောရင် ပြုံးချိုနေသည့်မျက်နှာသည် လွှမ်းအသံကြားသည်နှင့် ရုတ်ခြည်းပြောင်းလဲသွားသည်ကို လွှမ်းသစ္စာ
မြင်ဖြစ်အောင်မြင်လိုက်သည်။ဟ... ဘာလဲ အခု ငါက ဒီကောင်မလေးဆီမှာ ချေမိုးခံနေရတာလား။
ထမင်းစားပွဲတွင်ထိုင်လိုက်ရင်း ကော်ဖီခါးခါးတစ်ခွက်ကို သောက်နေလိုက်သည်။
လွှမ်းအိပ်ရာထတဲ့အချိန်ဆိုရင် ဒယ်ဒီနဲ့ကိုကိုက ကုမ္ပဏီသွားပြီ။ မာမီကတော့ အိပ်ချင်လည်းအိပ်နေမယ် ၊ ပြန်မလာတာလဲရှိချင်ရှိမယ် လွှမ်းနဲ့သိပ်ပြီး
မတွေ့ဖြစ်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...