Part-40 💀

638 32 0
                                    

Unicode

ကျွီ!!

တံခါးဖွင့်ဝင်လာသံကို ကြားတာနဲ့
ဝိုင်ပုလင်းကို ဘေးရှိစားပွဲပေါ်သို့
တင်လိုက်ပြီး ခုံပေါ်တွင် ဟန်မပျက်ထိုင်နေလိုက်သည်။ အင်္ကျီက ကြယ်သီး
ဖြုတ်ထားကာ ရင်ဘက်ကို အနည်းငယ်ဟထားသေး၏။
အိမ်ထဲကို ဝင်လာတဲ့ သော်ကမှာတော့ ညက ထွက်သွားသော အဝတ်များနှင့်
မတူ ။ဂျင်းဘောင်ဘီအကျပ်နှင့် အပေါ်က ရှပ်အင်္ကျီမိုးပြာရောင်ဖျော့ဖျော့လေးကို ဝတ်ဆင်ထားသည်။ ထို့အပြင် ဆံပင်တွေကို ကျစ်နေအောင် စုစည်းထားပြီး ဦးထုပ်ကိုလည်း ငိုက်ကာ ဆောင်းထားသေးသည်။

ဖရိုဖရဲဖြစ်နေတဲ့ ထူးမြတ်ပုံစံကို
မြင်တော့ သူမ အကြံ ဖြစ်မြှောက်ပြီးဟန်အထင်နှင့် ကျေနပ်ကာ ပြုံးနေသည်။

“ရှင့်နဲ့အကန့်က ဒီမှာတင် ပြီးပြီ
ကိုထူးမြတ်။ကျွန်မတို့ဆက်ဆံရေးကိုလည်း မရှိခဲ့သလိုပဲ နေပေးပါ။
ရှေ့လျှောက် ကိုယ့်လမ်းကိုယ်ပဲ လျှောက်ကြတာပေါ့”

ထူးမြတ်ကတော့ ခင်များသဘောပဲ ဟုပြောပြီး ဝိုင်ကို ပေါ့ပေါ့ပါးပါး
သောက်ပြလိုက်၏။

“မိုးသက်ညာကော ဘယ်မှာလဲ”

ထူးမြတ်က အခန်းထဲကို မေ့ငေါ့ပြလိုက်တဲ့အခါ သူ့လူတစ်ယောက်ကို သွားခေါ်လာဖို့အမိန့်ပေးလိုက်သည်။
ကြည့်ရသလောက်ဆို သော်ကတို့က
သက်ညာကို အခြားတစ်နေရာကို ထပ်ပြီးခေါ်သွားမယ့်ပုံပဲ။သူ့လူတွေထဲက နှစ်ယောက်ကပဲ လိုက်လာကာ
တစ်ယောက်ကိုတော့ကားထဲမှာ
အစောင့် ချန်ထားခဲ့ပုံပေါ်သည်။
ထိုယောက်ျားကြီးက အိပ်ခန်းထဲကို
ဝင်လာပြီး ကုတင်ပေါ်လှဲနေတဲ့
သက်ညာကိုယ်ပေါ်က စောင်ကို
လှပ်လိုက်တဲ့အချိန် အိပ်နေတာက သက်ညာမဟုတ်ဘဲ ဖက်လုံးတစ်လုံးနှင့် ခေါင်းအုံးသာဖြစ်နေလေသည်။

နောက်က ခြေသံဖွဖွကြားတာနဲ့
ထိုလူက ချက်ချင်းပဲ လှည့်လိုက်တဲ့အခါ လက်ထဲမှာကိုင်ထားတဲ့
ကျွန်းသစ်သားထိုင်ခုံနဲ့ ဘုန်းကနဲ
ခေါင်းကို အားပြင်းစွာ မိုးသက်ညာက ရိုက်ချလိုက်တဲ့အခါမှာတော့
တစ်ချက်ထဲနှင့်ပင် မှောက်သွားလေသည်။

အသွင်(completed)Where stories live. Discover now