Part-10 🍷

824 39 2
                                    


"တစ်ခန်းလုံးလည်း မွှန်ထူလို့ပါလား သားစိုင်းရဲ့
ဒီလောက်ရှိုးတွေထုတ်ပြီး ဘယ်သွားမလို့လဲ"

အခန်းတစ်ခုလုံးသည် ရေမွှေးနံ့တို့ ဖုံးလွှမ်းလျက် ဝင်လာသည့် ဒေါ်သင်ဇာကိုပင် ဂရုမထားနိုင်ဘဲ ဆံပင်ကို gelတို့နှင့် ဖိကာ ကျကျနနဖြီးလိမ်းနေသူက စိုင်းသူရပင်။

"ဒီလိုပုံထောက်ရင် ငါ့တူတော့ လွှမ်းဆီသွားမလို့ ဟုတ်စ"

"တီလေးကလည်း ဟုတ်တယ်လို့
ဒီနေ့လွှမ်းက ထူးထူးခြားခြား ကျွန်တော့်ကို တွေ့ဖို့အရင်ခေါ်လို့လေ"

ရွှင်ပြနေသည့် သားစိုင်းမျက်နှာကို မြင်ရသည်က ဒေါ်သင်ဇာဖို့ စိတ်ချမ်းသာစရာပင်ဖြစ်သည်။

စိုင်းသူရအမေသည် ငယ်စဉ်ကတည်းကတိမ်းပါးသွားတာမို့ အဖေနှင့် အဒေါ်ဖြစ်သူ ဒေါ်သင်ဇာတို့နှင့်သာ နေထိုင်သည်။ ကိုယ့်လက်ပေါ်ကြီးပြင်းလာသည့်ကလေးမို့ စိုင်းသူရအကြောင်းကို ဒေါ်သင်ဇာ အသိဆုံးပင်။ဒီကလေးကို ပြုံးရွှင်စေတဲ့မိန်းကလေးက လွှမ်းအပြင်မည်သူရှိမည်နည်း။

ဒေါ်သင်ဇာသည် စိုင်းသူရ၏ shirt အင်္ကျီကြယ်သီးကိုတပ်ပေးရင်း

"ဒါဖြင့် တီလေးက သတင်းထူးကြားရတော့မယ်ပေါ့"

"သိပ်မကြာတော့ပါဘူး"

"သိပ်မကြာတော့ဘူးလုပ်မနေနဲ့ လွှမ်းက တစ်နေ့တစ်ခြားလှလာလိုက်တာမပြောနဲ့ တစ်ခြားသူဦးသွားမယ်နော် ငါ့တူ"

"ဟုတ်ပါပြီ တီလေးရဲ့ ကျွန်တော့်ဘက်က အဆင်ပြေပေမယ့် လွှမ်းက ဒီရက်ပိုင်းစာမေးပွဲနဲ့ဆိုတော့ သိပ်ပြီးတော့ တွန်းအားမပေးချင်ဘူး"

လွှမ်းက စိုင်းရဲ့ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်တာမို့ နှစ်ယောက်လုံးက ဒေါ်သင်ဇာလက်ပေါ်တွင်ကြီးသည်ဆိုလျှင်မမှား။ ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်းတွေ ရှိလာတာမို့ ဒီကလေးနှစ်ယောက်ကို အတူမြင်ချင်လှသည်။

"လွှမ်းကို ပြောလိုက်ဦးနော် တီလေးက အိမ်မှာမျှော်နေပါတယ်လို့ ကြားလား"

ဒေါ်သင်ဇာပိုင်က စိုင်း၏ဆံပင်ကိုအသာဖွရင်းပြောတော့
'ဟာ တီလေးကလည်း ကေပျက်တော့မယ်"

အသွင်(completed)Where stories live. Discover now