Part-24 🌊

589 27 1
                                    


"ဗုန်း..............ခွမ်း"

မှန်တင်ခုံပေါ်ရှိ ဗူးဘောက်တွေ
အားလုံးကို အားနှင့်တစ်ချက်တည်း တွန်းချပြီးနောက် စာရေးစားပွဲပေါ်ရှိဆေးစာအုပ်များကိုလည်း စိတ်ရှိတိုင်းပစ်ပေါက်ပြစ်သည်။
ဒါတင်မကသေးပဲ စားပွဲပေါ်မှာ တစ်လုံးတည်း ကျန်တော့တဲ့ ပန်းအိုးကို နံရံတစ်ဖက်သို့ ခပ်ကြမ်းကြမ်းပြစ်လွှတ်လိုက်သည်။ ဖန်ကွဲစများက ဖွာကနဲနေအောင် ကြမ်းပြင်ပေါ်သို့ကျသည်။

မည်သို့ပင် ပြုမူနေသည့်တိုင်
သူမရင်ထဲက အပူမီးက စိုးစဉ်းမျှလျှော့မသွား၊ မငြိမ်းသွား။ခင်သော်ကသည် စိတ်လွှတ်နေသည့် လူတစ်ယောက်နှယ်။
ဒါက ခင်သော်က စိတ်ရှုပ်လျှင် ပြုမူတတ်သည့် အကျင့်ပင်။ အနီးအနားမှာ ရှိတဲ့ ပစ္စည်းတွေအားလုံးကို သူမစိတ်တိုင်းက တစ်ခုစီဖျက်ဆီးပစ်တတ်သည်။

"လွှမ်းသစ္စာကို" ကို ဖျက်ဆီးဖို့အတွက် အားလုံးကို တစ်ခုမကျန်ထောင့်စေ့အောင်လုပ်ခဲ့ပေမယ့်လဲ ဘာလို့ ခုထိတစ်ခုမှ သူ့ကို မသက်ရောက်သေးတာလဲ။ ငါဘာတွေ လွဲမှားနေခဲ့လို့လဲ။
စိုင်းရဲ့ဘေးမှာ ရှိနေဖို့အတွက်နဲ့ ကိုပိုင့်လက်ကိုတွဲဖို့ ရွေးချယ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က
နင့်ကို ဟိုးအောက်ဆုံးထဲ ဆွဲချဖို့ပဲ လွှမ်းသစ္စာကို။ ငါနင့်ကို မုန်းတယ်။ စိုင်းကို လုယူသွားတဲ့နင့်ကို ၊ ငယ်ငယ်လေးကတည်းက အရာရာမှာ ငါ့ထက်သာနေတဲ့နင့်ကို ၊ အခုချိန်မှာ မိုးသက်ညာနဲ့အတူ ပျော်ရွှင်ပြီး အဆင်ပြေနေတဲ့ နင့်ကို ငါသိပ်မုန်းတယ် လွှမ်း။

ခင်သော်က ၏အကြံက သာမာန်မိန်းကလေးတစ်ယောက် ပြုလုပ်နိုင်သည့်ထက် လွန်စွာမှပတ်စက်သည်။ လွှမ်းကိုမုန်းတာတစ်ခုတည်းနဲ့ သူမအားသိပ်ချစ်ပါတယ်ဆိုတဲ့ ပိုင်အာကာ့ကို အသုံးချကာ ဖခင်၏နောက်ကျောအား ဓားဖြင့်ထိုးသည့် သစ္စာဖောက်သားတစ်ယောက်၊အစ်ကိုတစ်ယောက် အဖြစ် အမည်တွင်စေသည်။

ထင်ထားသည်က လွှမ်းမှာ အားကိုးရာဆိုတာ မရှိတော့တဲ့အခါ အစ်ကိုကလည်း သူမကို ပြစ်ပြစ်ခါခါ မုန်းတီးနေသည့် သူတစ်ယောက်သာဆိုလျှင် စိုင်းဘဝထဲက သူ့အလိုလို ပျောက်ကွယ်သွားဖို့ရာမျှော်လင့်ခဲ့သည်။

အသွင်(completed)Where stories live. Discover now