Part-18 🐣

878 44 4
                                    


“ဟိန်းထက်မောင်!!!!!!!!!!!
ငါ့နဲ့ ဒီကောင်လေးတော့ ငါးကြော်တွေခိုးစားပြန်ပြီ
ဘယ်ချောင်သွားပုန်းနေလဲမသိဘူး
အေး ……..လုံအောင်ပုန်းထားဟေ့ တွေ့ရင်တော့ ကြိမ်လုံးနဲ့ညားမယ်"

ဟိန်းထက်မောင်ဟူသည့်
ကလေးတစ်ယောက်သည်
သူ့အမေ၏ဆူပူသံများ ကျယ်လာတာနဲ့အမျှ ခေါင်းကြီး တစ်ချက်တစ်ချက်
ကြိမ်းကြိမ်းလာသော်လည်း အသံမထွက်အောင် ပါးစပ်ကို ပိတ်ကာ
ခြံထဲ၌ကုပ်ကုပ်လေးပုန်းနေ၏။
ဒေါ်အေးမာ ဆိုင်ကယ်နဲ့အပြင်ထွက်သွားတာသေချာမှ တစ်ဖက်ခြံစည်းရိုးနှင့်ဆက်နေသည့်နေရာသို့ ခြေလမ်းသေးသေးလေးများနှင့် အမောတကော ပြေးသွားလေသည်။

ဒေါ်အေးမာတို့သားအမိက မအေတစ်ခုသားတစ်ခုဆိုတော့ သူ့သားကို မိခင်တစ်ယောက်လိုတင်မကဘဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေးသည်။ဟိန်းထက်မောင်ကတော့ ထိုအချက်ကို အခွင့်ကောင်းယူကာ မအေရှေ့ဆို လက်သည်းဖွက်ထားသည့်ကြောင်ကဲ့သို့ပင် မိခင်ကဆုံးမရင် ဟုတ်ကဲ့ ဟုတ်ကဲ့နှင့် ကွယ်ရာဆိုသူလုပ်ချင်ရာလုပ်သည်။ မသွားနှင့်ဆိုလျှင်သွားလိုက်ရမှ မဆော့နှင့်ဆိုလျှင်ဆော့လိုက်ရမှ ကျေနပ်သည့်ကလေး။

ဒေါ်အေးမာက ဆူလျှင်လည်း မျက်ရည်လေးဝိုင်းကာ နောက်မလုပ်တော့ပါဘူးဟု ပြောတာလည်း သူပါပင်။ထိုအခါတွင်လည်း ဒေါ်အေးမာက သူ့သားရဲ့စကားလေးတွေထဲ အရည်ပျော်ကာ မရိုက်ရက်တော့ပြန်ပေ။
အိမ်နားနီးချင်းတွေကတော့ ဒေါ်အေးမာတို့ သားအမိအကြောင်း သိသည်ဖြစ်၍ အရေးတယူမပြောကြ။ဒေါ်အေးမာ အိမ်၌မရှိသောအခါတွင်တော့ ကလေးကို အားလုံးက ဖေးဖေးမမနှင့်ဝိုင်းဝန်းစောင့်ရှောက်ပေးကြသည်။

“နင်က ငါးကြော်တွေခိုးပြီး ငါ့ကြောင်ကို လာလာကျွေးနေတာ
နင့်အမေရိုက်မှာ မကြောက်ဘူးလား”

ရှေ့တစ်ပတ်ကမှ ဟိန်းထက်မောင်ကစားနေတုန်းကြောင်လေးကိုတွေ့ပြီးနောက် သူ့အတွက်ဝယ်လာတဲ့မုန့်တွေဆို ဒီကြောင်လေးကို အမြဲလာကျွေးတတ်သည်။ ဒီနေ့မှ အိမ်မှာငါးကြော်တာနဲ့ စပယ်ရှယ်လေးယူလာကျွေးကာမှ ကြောင်ပိုင်ရှင်နဲ့လာတွေ့ရတယ်လို့။ ပြီးတော့ ရှေ့က ကလေးမက ဆရာကြီးစတိုင်နှင့် လာပြောနေသည်။

အသွင်(completed)Where stories live. Discover now