Chapter 84အပြင်သွားရာက ပြန်လာပြီးနောက်မှာ ဘန်က ဆာစီးနီယာဆီကို ချက်ချင်းရောက်ရှိလာခဲ့သည်။ သူအဝေးကိုရောက်နေချိန် ဧကရာဇ်နန်းတော်ဆီကလာတဲ့ တမန်တော်တွေအကြောင်းကို ကြားသိခဲ့ပြီးဖြစ်၏။
“ဆာစီးနီယာ”
မကြာမီမှာ တံခါးပွင့်သွားခဲ့ပြီး တောက်ပစွာပြုံးနေတဲ့ဆာစီးနီယာက သူ့ကို နှုတ်ဆက်လာခဲ့သည်။
“ကောင်းမွန်တဲ့ခရီးစဥ်ဖြစ်ခဲ့ရဲ့လား”
“အင်း ကိုယ်ပြန်လာပြီ”
ဘန်ရဲ့အပြုံးတွေက ဆာစီးနီယာဆီမှာပဲ အခြေတည်သည်။ သူပြန်လာချိန်မှာ သူ့ကိုပြုံးပြကြိုဆိုနေတဲ့သူဟာ ဆာစီးနီယာဖြစ်နေသည့်အတွက် အလွန်ပျော်မိ၏။ ပိုပြီးလောဘစိတ်ဝင်မိတဲ့အထိဖြစ်၏။
“ဧကရာဇ်နန်းတော်ကနေ တမန်တော်တွေရောက်လာတယ်လို့ကြားတယ်”
နှစ်ယောက်သားသည် ဆိုဖာပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
“ဟုတ်တယ် ဘုရင်မကြီးက မွေးနေ့ဂုဏ်ပြုထမင်းစားပွဲအတွက် ဖိတ်စာပို့လိုက်တာ”
“ဘုရင်မကြီးကလား.. သူနဲ့ ဆာစီးနီယာက သိကြလို့လား”
တမန်တော်တွေကို စေလွှတ်လိုက်တဲ့ မမျှော်လင့်ထားသည့်သူကြောင့် ဘန်က အံ့အားသင့်သွားသည်။ လိုင်မာဖီးယပ်စ်ရဲ့ နောက်ပြောင်ကျီစယ်မှုလို့ထင်ခဲ့ပေမယ့် မဟုတ်ခဲ့။
“ဟင့်အင်း သူမကို အရင်က တစ်ခါမှမတွေ့ဖူးဘူး.. သူမ ဘယ်လိုပုံစံရှိလဲဆိုတာတောင်မသိဘူး”
ဆာစီးနီယာကိုယ်တိုင်လည်း မေးခွန်းထုတ်နေခဲ့ခြင်းဖြစ်သည်။ သူမ အရင်က တစ်ခါမှမတွေ့ဖူးတဲ့လူတစ်ယောက်က သူမဆီကို ဘာလို့ ဖိတ်စာပို့ရသလဲ။
မူလဝတ္ထုထဲမှာ ဘုရင်မကြီးရဲ့ မွေးနေ့ဂုဏ်ပြုထမင်းစားပွဲက အလွန်ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုဖြစ်ခဲ့သည်။ ဗားန်က စင်ဒရဲလားလို ခန်းမထဲမှာပေါ်လာပြီး အိမ်ရှေ့စံမင်းသားနဲ့ ကပြဖျော်ဖြေသည်။ ၁၂နာရီထိုးတာနဲ့ သူမသည် ပြေးထွက်လာခဲ့ပေမယ့် မတူညီတာတစ်ခုကတော့ ဖန်ဖိနပ်ကို မကျကျန်ခဲ့။