Chapter 105

120 11 0
                                    

I raised him 105

ရက်အနည်းငယ် အကြာ။

ဗားန် နန်းတော်ထဲသို့မသွားမီ သူမရဲ့ ဆန္ဒအတိုင်း ယနေ့ သူမတို့ အပြင်ထွက်ရန် ပြင်ဆင်နေကြသည်။

သာမန်အဝတ်စားနှင့် ဗားန်ကိုကြည့်ရင်း ဆာစီးနီယာမှာ မျက်ခုံးတွန့်သွားသည်။ အနားကို အနည်းငယ် ညှိထားသည့် အညိုဖျော့ရောင် ဂါဝန်မှာ ရိုးစင်းလှသဖြင့် ဗားန်ရဲ့ ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာ မပေါ်လွင် ဖြစ်နေသည်။

"ညီမ အဲ့ဂါဝန်တွေ မဝတ်နဲ့လေ။ လှတာလေးတွေ လဲလိုက်နော်"

"ကျွန်မမှာရှိတာ ဒါအကောင်းဆုံးမို့ပါ..."

သူမရဲ့အဝတ်အစားကို ပြန်ကြည့်ရင်း တိမ်ဝင်သွားသော အသံလေးနှင့် ပြန်ဖြေလိုက်သည်။

"အရင်တစ်ခါက အစ်မပေးခဲ့တဲ့ ဂါဝန်လေ။ အဲ့ဒါ လဲလိုက်နော်"

"ရှင်? ရိုးရိုး အပြင်ထွက်တာကို အဲ့ဂါဝန်နဲ့က တောက်ပြောင်လွန်း မနေဘူးလား?"

ဝယ်သည့်အချိန်က ဆာစီးနီယာမှာ ဗားန်ရဲ့ စိတ်နေစိတ်ထားကို တွေးကာ အလွန်မတောက်ပြောင်ဘဲ ရိုးရှင်းသော ဒီဇိုင်းကို ရွေးခဲ့သည်။ ဖာဘီယမ်း လမ်းပေါ်ရှိ ကော်ဖီဆိုင်တွင် သူမ တွေ့ခဲ့သော လူကုံတန်အမျိုးသမီးများ ဝတ်လေ့ရှိသော အဝတ်မျိုးနှင့်ဆင်ရာ  ယခု ဝတ်ဆင်သွားဖို့ ပြဿနာ မရှိလှပေ။

"မတောက်ပြောင်ပါဘူး။ အဲ့လောက်တော့ ညီမ‌ဝတ်လို့ရပါတယ်။ သွား မြန်မြန်လဲပြီး ထွက်ခဲ့တော့"

"ဒါပေမယ့်..."

"မြန်မြန်လေး"

ဆာစီးနီယာရဲ့ တောင်းဆိုမှုကြောင့် ဗားန်မှာ အင်တင်တင်နှင့်ပင် ဝင်သွားရသည်။

ဆာစီးနီယာက ယနေ့ အပြင်ထွက်ခြင်းသည် ဗားန် နန်းတော်ထဲသို့ မသွားမီ နောက်ဆုံးထွက်ခြင်း ဖြစ်သည့်အတွက် သေချာ အာရုံစိုက်ထားသည်။ ကောင်းမွန်သောဖိနပ်များသည် ကောင်းမွန်သောအရပ်သို့ ခေါ်ဆောင်သွားသည် ဟူသောဆိုရိုးကဲ့သို့ ဝတ်ဆင်နေကြအတိုင်း မဟုတ်ဘဲ ကောင်းမွန်စွာ ဝတ်ဆင်ထားလျှင် စိတ်အခြေအနေကို ပြောင်းလဲစေကာ တမူထူးခြားစွာ ခံစားရသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now