အပိုင်း (၁)

4.9K 201 6
                                    

(ဒါက Magnet Book version လေးဖြစ်ပါတယ်။ book version မှာကြတော့ စာတစ်ချို့ပြင်ထားပါတယ်။ Warning အခန်းတွေအစား အခြားအခန်းလေးတွေ အစားထိုးထားပါတယ်။ အရေးအသားအနည်းငယ် ပြင်ဆင်ထားပါတယ်။ ဒါ‌ကြောင့် မူရင်းဗားရှင်းနဲ့ အရမ်းကွာဟနေမှာတော့ မဟုတ်ပါဘူး။ book version က warning မပါတာဖတ်ချင်တဲ့ သူတွေအတွက် ပိုအဆင်ပြေအောင်လို့ပါ။ )

"မင်းလုပ်တာမလား..ဒီကိစ္စမင်းကြောင့် မလား"

သိမ်းငှက်တစ်ကောင်ကို စူးရှသည့်
အကြည့် ၊ မျက်ဝန်းတို့က နီနီရဲရဲ ။
ထိုအကြည့်တွေကို ဖန်တီးထားသူက
ပတ်ဂျီမင်..။ တစ်စုံတစ်ယောက်၏
အင်္ကျီရင်ဘတ်စကို ဒေါသတကြီး
ဆွဲကိုင်ကာ ဒေါသမီးလွှမ်းမိုးနေသော
ပတ်ဂျီမင်က သိပ်ကိုဒေါသထွက်နေမှန်းသိသာလွန်းသည် ။

သူမှားခဲ့တယ်..ဒါပေမယ့်
သူမှားခဲ့တာကိုပဲ ပတ်ဂျီမင်က
မသိတာ ခက်တော့ခက်ချေပြီ ။
ဘယ်လို ဥာဏ်နီဥာဏ်နက်မျိုး
ထုတ်သုံးရမလဲဆိုသည့် အတွေးက
သာ ခေါင်းထဲတဝဲလည်လည် ။
ဝန်ခံလိုက်ရင်ရော...။ ဝန်ခံလိုက်ရင်ရောဆိုတဲ့အတွေးရဲ့ အဆုံးသတ်မှာ မာနက မားမားမတ်မတ်မို့ မည်သို့မှ ရှေ့မဆက်နိုင်ခဲ့။

"ဟုတ်တယ် ငါလုပ်တာ"

ခပ်ပြင်းပြင်း ထိုးချက်သည် သူပါးပေါ်ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာတာသိပေမယ့် မရှောင်မိ။ ဒါပေမယ့်ဆိုပြီး ဆက်ရှင်းပြလိုက်လို့ရပေမယ့် omegaတစ်ယောက်အပေါ် ကျရှုံးခဲ့တယ်ဆိုတဲ့အချက်က သူ့ကိုပြင်းပြင်းထန်ထန်ပင် တားစီးနေပါသည်။

Jeon ရဲ့ အပေါင်းအဖော်တွေကတော့ဝိုးခနဲ..ဝါးခနဲ ။JK ဆိုတဲ့နာမည်တစ်လုံးနဲ့ ကျော်ကြားလာသူပါ...လူဆိုးလူမိုက်လောကမှာပေါ့ ။ Jeonမတတ်တာ
ဘာရှိမှာလဲ..Jeon ကအကုန်ကျွမ်းကျင်ပြီးသား တိုက်ကွမ်ဒို ခါးပတ်နက် ၊ လက်ဝှေ့ထိုးတယ် ၊ ရန်ဖြစ်လာတဲ့ပွဲတိုင်းလည်း နည်းခဲ့တာမဟုတ် JK ဆိုတဲ့ နာမည်နဲ့ပွဲတိုင်း အနိုင်ပိုင်းခဲ့တာချည်းပဲ။

Jeonက သူ့အသားကို လာထိရင်သိပ်ဒေါသထွက်တတ်တာ.. ပြီးရင်တော့ အဲ့လူကလည်း Jkလက်ထဲအမှုန့်ကြေသွားမှာ..ရစရာမရှိလောက်အောင်ပဲ။ ဒါပေမယ့် ဂျီမင် ဆိုတဲ့ လူဆိုးကောင်လေးထိုးတာကို ငြိမ်ခံလိုက်တာမို့ အံ့သြသွားသူတွေက ပါးစပ်အဟောင်းသား ။

MAGNET Where stories live. Discover now