အပိုင်း (၂၇)

636 40 1
                                    

ကလေးကိုမဖျက်ချခဲ့ဘူး

အိုမီဂါငယ်လေးရဲ့ လက်ကိုဆေးထည့်ပြီး ပတ်တီးစီးပေးပြီးနောက်
စိတ်ပင်ပန်းအိပ်မောကျသွားသူလေးအား စောင်လေးသေချာခြုံပေးကာ
အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အိပ်ပျော်သွားတာ တော်သေးတယ်။ မဟုတ်ရင် ထပ်ပြီးသူခံစားနေရအုံးမှာ။

လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက
အမြဲခြေရာဖျောက်ပြီး ထွက်ပြေးနေလို့
ကင်ထယ်ယောင်း လိုက်ရှာပြီး
ဖမ်းချုပ်ထားတာကလည်း
အမြဲကိုယ့်ကိုကိုယ်သတ်သေ ဖို့ကြိုးစားလို့ ဖြစ်နိုင်တယ် ။
ဒီအတိုင်းဆိုရင် သူ့ရဲ့အိုမီဂါလေးကို
လွှတ်ထားလို့မဖြစ်တော့ပေ..။
အမြဲတမ်းစောင့်ကြည့်နေမှ ဖြစ်မယ်..။

"အစ်ကိုလေး ဆင်းလာသေးတယ်နော်"

"အော်..Sun"

"သတိရသေးလို့တော်ပါသေးတယ်.."

မျက်စောင်းတထိုးထိုးဖြင့်ပြောနေသည့်
Sun ကြောင့် သူရယ်မိလိုက်သည် ။

"ဂျွန်ဂျောင်ကုတို့များ ခရီးသွားတဲ့ ၃၊၄ ရက်လောက်ကို ပြန်လည်းရောက်လာရော မျက်နှာကြီးကို ဖြီးလို့"

"ဟားဟား Sun ရယ် မင်းကလည်းကွာ"

"မင်းကလည်းကွာ မနေနဲ့..။ဘယ်လိုလဲ တော်တော့်ကို အခြေအနေဟန်နေပြီလား.."

Sunကရွှတ်နောက်နောက် မေးလာသော်လည်း သူ့ဘက်က ပြုံးပင်မပြုံးနိုင်ခဲ့။

"ငါ့ဘက်ကတော့ ချစ်မိနေပြီ..။ ငါဒီစကားကို လွယ်လွယ်နဲ့ပြောတာ မဟုတ်ဘူးနော်။ ငါ့ဘက်က ကိုယ့်ကိုယ်ကို စမ်းစစ်ပြီးသေချာမှ ပြောတာ။
သူ့ဘက်ကတော့ မသေချာဘူး"

"အယ့်လယ့် ငါ့ကောင်ကြီးအရင်တုန်းကတော့
သတ်မယ် ပုတ်မယ် ဆိုပြီး  အတင်းတွေငြင်းနေပြီးတော့
အခုကြတော့ တမ်းတမ်းစွဲနေပြီလား.."

"အရင်ကနဲ့ဘယ်တူမလဲကွ အခုက သူ့ပုံစံလေးကိုပဲချစ်လာမိတာ"

"သူ့ဘက်က ပြန်ချစ်လာအောင် မြန်မြန်ကြိုးစားပြီး လက်ထပ်လိုက်ကြတော့ kookieလေးလည်း ၄နှစ်ပြည့်တော့မယ်။ သူ့အဖေအရင်းက ဘယ်သူပါဆိုပြီး အတည်တကျချပြထားမှ တော်ရာကြမယ် ဂျောင်ကု..ကလေးကအသက်ကြီးလာမှဆိုရင်
အတွေးတွေများကုန် လိမ့်မယ် "

MAGNET Where stories live. Discover now