Alpha က သရဲကိုတောင် လည်ပင်းညစ်ပြီးသတ်ပေးမယ်တဲ့!
ကံကြမ္မာက အကြောင်းဖန်လိုက်တာလား..ကင်ထယ်ယောင်း အကြောင်းဖန်လိုက်တာလားတော့မသိ
ပတ်ဂျီမင် နဲ့ နှစ်ယောက် တည်း
ခရီးထွက်ရန် ဖြစ်လာတော့သည် ။ကောင်းလား ဆိုတော့ မကောင်းပါဘူး။မကောင်းဘူးလားဆိုတော့လည်း
ကောင်းပါတယ်။
အဆင်ပြေလားဆိုတော့ နည်းနည်းပါ
အဆင်မပြေဘူးပေါ့ဆိုတော့လည်း
မဟုတ်ပြန်ဘူး..ဒါဆို မသွားချင်ဘူးလားဆိုတော့
အဆင်ပြေပါတယ်..။
ဒါဆို သွားချင်လားဆိုတော့လည်း
သိပ်တော့ မသွားချင်ဘူး..။အဖြေတွေက ဂျောင်ကုစိတ်လို ဟိုမရောက်ဒီမရောက်တွေ ။
ပတ်ဂျီမင် နဲ့ အခြေအနေဘယ်လိုလဲဆိုတော့..
ဒီတိုင်းပါပဲ ။
ကြိုက်လား ဆိုတော့ မကြိုက်ဘူး
ဒါဆို မင်းကမကြိုက်ဘူးလို့
ပြောရဲလားဆိုတော့ အင်တင်တင်..။ကြိုက်တော့ကြိုက်တယ်..
ကြိုက်တာတော့ မဟုတ်ဘူး
ဘယ်လိုကြိုက်တာလဲလည်းမသိဘူး။
သဘောကျတာပေါ့
နည်းနည်းလေးပါ ကျတော့ကျတယ်
သိပ်မကျဘူးပေါ့
မဆိုသလောက်လေး သဘောကျတယ်ရယ်လို့လည်း
ဆိုမရပါဘူး..
အဆင်ပြေနေသလိုလားဆိုတော့
နည်းနည်းပါ..
ဒီတိုင်းလေး ဘယ်လိုလဲ မပြောတတ်..စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေး တစ်ခုဖြစ်နေတာကြောင့်..
ရှည်ရှည်ဝေးဝေးလည်း ဆက်မစဥ်းစားချင် ။ဒီတော့ သွားလိုက်ရတာပေါ့..
သွားလိုက်ရတာတော့ မဟုတ်ဘူး
သွားလိုက်တာပါ..။ဤship သည် Jeon အိမ်တော်၏
ရှယ်ယာတစ်ဝက်ပါသည်။
အဆင့်မြင့် luxury ship တွေထက်ပင်
ပိုမိုကောင်းမွန်နေတာကြောင့်..
လိုက်ပါသူများက အများအပြား။ ရွှေရောင် တဝင်းဝင်းအဆင်တန်ဆာများနှင့် အိပ်ခန်း
ခုတင် ၊ ထိုင်ခုံ ၊အစားအသောက်
တို့က အစ luxury ဆန်ဆန် ပြင်ဆင်ထားတာကြောင့် နန်းတော်တစ်ခုထဲ ဝင်ရောက်လိုက်သလို ခန်းနားကြီးကျယ်လွန်းလှသည် ။အပန်းဖြေချင်တဲ့လူတွေ ရှိသလို..
တစ်ဖက်ကျွန်းကို သွားလည်ပတ်ဖို့
လိုက်ပါလာသူတွေလည်း
အများအပြားပင် ။
အထူးသဖြင့် စီးပွားရေးလောကမှ
CEO တစ်ယောက်နဲ့ အနုပညာရှင်တစ်ယောက်နဲ့ လက်ထပ်ပွဲကို တက်ရောက်ဖို့ လာကြတဲ့သူတွေကြောင့် ဒီနေ့မှ သင်္ဘောထဲ လူတွေကပြည့်နှက်နေသည်။