Heat တက်နေတဲ့ အိုမီဂါ လေးကို
ထိုင်ကြည့်ရင်း သူနေမထိထိုင်မသာ
ဖြစ်နေရ၏။ Omegaလေးရဲ့ အနားမကပ်နဲ့ဟူသော
တစ်ချက်လွှတ် အမိန့်ကြောင့်
အလှထိုင်ကြည့်နေရလေသည်။အိုမီဂါလေးသည် သူ့ရဲ့ Pheromone ကို မထုတ်လွှတ်မိအောင် ထိန်းချုပ်ထားတာကြောင့် ထိုအကျိုးဆက်ဖြစ်တဲ့ နာကျင်မှု့ကို သူသာခံစားနေရသည်။ Heat ဝင်နေချိန်မှာ Pheromone ထိန်းချုပ်ထားတာဟာ ခန္ဓာကိုယ် ကိုအလွန်ထိခိုက်စေပြီး ကိုယ်တိုင်က နာကျင်ခံစားလာရတာဖြစ်သည်။
ဂျောင်ကုကိုယ်တိုင်ကလည်း
အိုမီဂါ လေးရဲ့ mate ဖြစ်နေတာကြောင့် ယခုကဲ့သို့ ကြည့်မနေနိုင်တော့ ။
ဘယ်လိုပဲ Pheromone ကိုထိန်းချုပ်ထားပါစေ Mate Omegaလေး heat ဝင်နေမှတော့Mate Alpha အလိုလို ခံစားရပြီးသားပေါ့.. ။"ပတ်ဂျီမင်..ငါကူညီပေးရမလား"
"မလာနဲ့.."
"မင်းဒီထိုင်းဆက်နေလို့တော့ မဖြစ်ဘူးလေ သင်္ဘောဆီကို ပြန်ရဦးမယ်"
"မ..လာ..နဲ့ "
အတော်လေးစိုးရိမ်နေပုံရသည့် Heat ဝင်နေသူလေးက နောက်သို့
တဖြည်းဖြည်း ဆုတ်သွားပြီး
အားအင်မရှိသယောင်
နောက်သို့လှဲကာမှီလိုက်သည်။ သူ့ပုံစံဟာ တစ်မျိုးတစ်ဖုံ စိတ်ချလက်ချဖြစ်နေပုံ။ ဘေးနားတွင် အယ်လ်ဖာတစ်ယောက်ရှိနေပါသော်လည်း သူထိတ်လန့်ကြောက်ရွံနေခြင်းအလျဉ်းမရှိဘဲ စိတ်ငြိမ်နေ၏။ ဒါဟာ ထိုအယ်လ်ဖာအပေါ် သူ၏စိတ်ချယုံကြည်ခြင်များလား။တဆတ်ဆတ် တုန်ယင်နေသော ပန်းနုရောင်သန်းနေသည့် ကိုယ်ငယ်လေးကို ကြည့်ရင်း
အယ်လ်ဖာရဲ့ ရင်ထဲ အမည်မသိလှိုင်းလေး
ဖြတ်ပြေးသွားလေသည် ။ မျက်တောင်လေးတွေ မှေးစင်းကာ
ပါးမို့မို့လေး နှစ်ဖက်မှာ ပန်းရောင်သန်းလျက် ရှိရင်းစွဲထက်ပင် ပိုပြီး နုငယ်သွားသယောင်။ အိုမီဂါ လေးတွေ heat ဝင်ချိန်ဆို အရင်ကထက် ပိုပြီးလှပတတ်တယ်ဆိုတဲ့ စကားဟာ အလကားတော့ မဟုတ်။Alpha တစ်ယောက်အနေနဲ့ ဒီအခြေအနေဟာ အတင်းကျူးလွန်လိုက်လျှင်တောင် နစ်နာစရာမရှိတဲ့အခြေအနေဖြစ်သော်ငြား ထိုသို့လည်း မလုပ်ရက်ပါ။ သိက္ခာရှိတဲ့ အယ်လ်ဖာတစ်ယောက်အနေနဲ့ သူဟာ mateဖက်အဖော်ကို လေးစားမှု့ထားသင့်သည်။