ဘာတဲ့! စမုတ်တံတဲ့လား!
ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
ငါအိပ်မက်မက်တာနေမှာ။ ဒါအကုန်အိပ်မက်ပဲ အိပ်မက်ကိုမှ အိပ်မက်အစစ်!ဟူးးးး ။
လေပူတို့အား မသိမသာမှုတ်ထုတ်လိုက်ပြီး မျက်လုံးတစ်ဖက်အရင်ဖွင့်ကြည့်လိုက်ကာ အခန်းအပြင်အဆင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမျက်လွှာလေးတွေအား အသာအယာ ပြန်ပိတ်လိုက်သည်။
ဒါ ငါ့အခန်းမှမဟုတ်တာ..။
အခန်းအပြင်ကိုကြည့်ပြီး သူ့အခန်းမဟုတ်မှန်း သိသွားလေတော့ တံတွေးကို
ဂလု ခနဲ မျိုချလိုက်၏။ပေါင် ပေါင်ချင်း ထိကပ်ကာ
အချင်းချင်းပွတ်ကြည့်လိုက်သည့်အခါ
ဘောင်းဘီ မပါမှန်းသိလိုက်ရပြန်သည်။အားးး ငါ့ဘောင်းဘီရော!
စိတ်ထဲဝုန်းဒုန်းကြဲကာ အော်ဟစ်နေသော်လည်း အပြင်ဘက်မှာတော့ တစ်စက်မှ မလှုပ်မိအောင် သတိထားနေရသည်။ ကုန်ပါပြီ.. အနှစ်နှစ်အလလ စောင့်ထိန်းခဲ့တဲ့ ငါ့သိက္ခာလေးတွေ
မြောင်းထဲရောက်ကုန်ပြီ! အခုချိန် အဲ့ကောင် ငါ့ကို ဘယ်လောက်တောင် ကဲ့ရဲ့နေလိုက်မလဲ...! Pheromone အနံ့လေးရတာနဲ့တင်
စိတ်လွတ်သွားရလား ပတ်ဂျီမင်..
မင်းသေသင့်တာ..။ ဘာလို့လဲ! ဘာလို့လဲ! တခြားသူရှေ့မှာတောင် မဟုတ်ဘူး
အဲ့ကောင်ရှေ့မှာမှ ပိုပြီးလူမိုက်ပုံ
ဖမ်းခဲ့သမျှ အခု အားလုံး ကုန်ပြီ..။ အကုန်မျှောပြီ..!ဒီကနေ ဘယ်လိုထွက်ရမလဲ..
ကျစ်..ရှက်ဖို့ကောင်းလိုက်တာ..။ ရှက်လွန်းလို့ အငွေ့ပါပျံချင်မိပါတယ်။ထိုအချိန် အခန်းပြင်မှ တစာစာအော်သံကို ကြားလိုက်ရသည်။ ထိုအသံပိုင်ရှင်က နှစ်ယောက်မရှိသော ဂျောင်ဟိုဆော့ပဲ။ အခုချိန် သူအိပ်ချင်ယောင်သာ မဟန်ဆောင်နေရင် ဂျောင်ဟိုဆော့ကို အမှုန့်ချေပစ်လိုက်ပြီးပြီ! သူအရှက်ကွဲရတဲ့ တရားခံက ဂျောင်ဟိုဆော့ကလွဲ ဘယ်သူရှိသေးလို့လဲ...။
"ဂျောင်ဂုရေ..ဂျောင်ဂု"
"ဝင်ခဲ့.."
သွားလေးစိကာရယ်နေရင်း
စပ်ဖြဲဖြဲ ရုပ်နဲ့ဝင်လာသည့် Sun ပါ ။
ကမ္ဘာပေါ်က အကြီးဆုံးအောင်သွယ်တော်..ကိုယ့်ယောကျာ်းလည်းမချန်
သူများနဲ့အောင်သွယ်ပေးနေတဲ့
အောင်သွယ်တော်ကြီး Sun ။