အိမ်အောက်ထပ်သို့ ဆင်းလာသော Jeonတစ်ယောက် ဂျီမင်အားပတ်ရှာနေလေသည်။ သူ ကုမ္မဏီက ပြန်လာတော့ ၆နာရီ။ အခုက ၈နာရီရှိပြီ။ ၂နာရီတောင်ကြာပြီ အခုထက်ထိ
ဂျီမင်က ပြန်မရောက်လာသေးပါ။"Sun ဂျီမင်ကို တွေ့သေးလား"
"မတွေ့ဘူး ပြန်မရောက်သေးဘူထင်တယ်"
"ကျစ် ပတ်ဂျီမင်ကတော့"
"မင်းတို့ အတူတူသွားကြတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတစ်ယောက်စီ ပြန်လာကြတာလဲ။ပြဿနာဖြစ်ထားလို့လား"
"ဟင်းးး ဖြစ်တယ် ဖြစ်တာကို ငါလည်းရှင်းပြပြီးပြီ အဲ့ဒါကို သူကဘာဖြစ်မှန်းမသိဘူးကွာ"
"မင်းဘက်ကပဲ အလျှော့ပေးလိုက်ပေါ့့
သူကမင်း အိုမီဂါပဲလေ""ဟာ့ ငါ့ဘက်ကလျှော့ထားတာ ဂိတ်ဆုံးထိ
တစ်ခါတစ်လေ သူဘာဖြစ်ချင်မှန်း
ငါတကယ်နားမလည်တော့ဘူး""သူစိမ်းနှစ်ယောက်ပဲ မင်းတို့ချင်း
သဘောထားမတိုက်ဆိုင်တာတို့ ၊
အဆင်မပြေတာတို့ရှိတာ မဆန်းပါဘူး
သေချာညှိကြပေါ့""ပတ်ဂျီမင်က နားလည်ရခက်လွန်းတယ်
ငါ့ဘက်က အရာရာ
သူ့ကိုအလျှော့ပေးပေမယ့်သူက
ငါ့ကို နည်းနည်းလေးတောင်
အလျှော့မပေးဘူး။ ငါ့ဘက်ကသူ့ကို
အများကြီးနားလည်ဖို့ကြိုးစားပေးတယ်
သူ့ဘက်က ငါ့ကိုနားလည်မပေးဘူး
ငါသူ့ကိုယုံကြည်ပေးတယ် သူငါ့ကိုမယုံကြည်ဘူး ။ ငါတကယ်
ရူးချင်နေပြီ"
ဂျောင်ကုက ဧည်းခန်းရှိဆိုဖာပေါ် ပြောပြောဆိုဆိုဖြင့် ပစ်လှဲချလိုက်သည်။
စိတ်ပစ်လက်ပစ် ပစ်လှဲလိုက်ပြီး
သက်ပြင်းတွေလည်း ခနခနချနေပြန်၏။"သေချာညှိကြည့်ပေါ့ ဒီတိုင်းတစ်ယောက်နဲ့တစ်ယောက်
စိတ်ဆိုးနေရင်းပြီးသွားမယ့် ကိစ္စမှမဟုတ်တာ""အချစ်ဆိုတာ ဘယ်လိုမျိုးလဲ Sun"
Sunက ဂျောင်ကုနှင့်မျက်နှာချင်းဆိုင်
ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး
ပြူံး၍ ပြောလိုက်သည် ။"အချစ်က အမျိုးမျိုးရှိတယ်ကွ
ဒါက လူတွေရဲ့စိတ်နေစိတ်ထားပေါ်
မူတည်တယ် ငါထင်တာပေါ့
မင်းချစ်မိတဲ့လူအပေါ် ချစ်မိတဲ့အချစ်အပေါ်လည်းမူတည်တယ်
ငါ့အတွက်တော့ တစ်စုံတစ်ယောက်ကို
ပိုင်ဆိုင်ရရ၊မပိုင်ဆိုင်ရရ ငါဘက်က
ငေးကြည့်ပြီးချစ်နေရရင် ကျေနပ်တယ်
အဲ့တာ ငါ့အချစ်ပေါ့"