အပိုင်း (၄၇)

520 32 0
                                    

ထောင်ထဲမှ ပြုံးရွှင်စွာဖြင့် ထွက်လာသော ဂျီမင့်ကိုကြည့်ရင်း နမ်ဂျွန်းပါ ပြုံးမိလိုက်သည်။ Babyကတော့ ဘာတွေကျေနပ်ပြီး အဲ့လောက်တောင်ပျော်လာလဲ မသိ။ ကားအနားကို လျှောက်လာပုံ မခုန်ပေါက်ရုံတမယ်..မြောက်စွမြောက်စွဖြင့်။

"ဘယ်လိုလဲ အဆင်ပြေခဲ့လား"

"ပြေတာပေါ့..."

"Baby ဦးလေးတို့လှမ်းပြောတာ
မင်းမှာ ကိုယ်ဝန်ရှိနေတယ်ဆို"

"အင်းး"

"ဂျွန်ဂျောင်ကုနဲ့ရတာလား"

"သူကလွဲပြီး ဘယ်သူရှိသေးလို့လဲ"

"အဆင်ပြေရဲ့လား။ သူ့ကိုအရမ်းမုန်းနေတာမလား "

ဂျီမင်ဟာ နမ်ဂျွန်းကို ပက်ခနဲ ပြန်ပြောလိုက်သည်။

"မမုန်းပါဘူး ။ ဘယ်သူပြောလဲ
မုန်းတယ်လို့ "

"ဟမ်.. babyပဲအရင်က
မုန်းတယ်ဆိုပြီး"

"အရင်ကလေ အခုမှမဟုတ်တာ..။ ပြီးတော့ Hyung ကိုထပ်အကူအညီ
တောင်းစရာရှိတယ် "

"အင်း ပြောလေ"

"ဂျွန်ဂျောင်ဂုကို ထောင်ထဲက
ထုတ်ပေးလို့ရတယ်မလား ။ မရလည်း
ရအောင်လုပ်ပေးပါ ။
ဂျွန်ဂျောင်ဂု ထောင်ထဲက တစ်လအတွင်း လွတ်လာရင် ကျွန်တော်ရမယ့်
အမွေထဲက တစ်ဝက်ခွဲပေးမယ် "

ဂျီမင်၏ စကားကြောင့် နမ်ဂျွမ်း
မျက်ခုံးတို့ပင့်တက်သွားသည် ။
အရင်ကတော့ မုန်းတယ် ပြောပြီး
အခုကြတော့ ဂျွန်ဂျောင်ဂုအတွက်
အမွေတစ်ဝက်တောင်
ပေးမယ်တဲ့လား ။ ဂျွန်ဂျောင်ဂုကို
မြင်မြင်ချင်း ကြွေသွားလို့များလား ။ဝါးးးးး ဂျွန်ဂျောင်ဂုက တကယ်အန္တရာယ်များတဲ့ ကောင်ပဲ ။

"အမွေတစ်ဝက်ကြီးတော့
မယူပါရစေနဲ့။ hyung အစွမ်းကုန်ကြိုးစားပေးမှာပါ။ အချိန်တော့ အတိအကျ မပြောနိုင်ဘူး "

"ရပါတယ် ။ သူ့ကိုရအောင်ထုတ်ပေးနော် hyung ။ အားကိုးမယ်နော်"

ပြုံးရွှင်ပြီးတက်ကြွနေတဲ့ ဂျီမင်၏
ပုံစံကြောင့် နမ်ဂျွမ်းပြုံးလိုက်သည် ။
Babyရဲ့ ဒီလိုပုံစံမျိုးကို
တစ်ခါမှမတွေ့ဖူးခဲ့ ။ ချစ်စရာကောင်းတယ် ၊ ချိုသာတယ် ။ အရမ်း
ပျော်နေတဲ့ပုံမျိုး..။အရင်ကဆို
တစ်လောကလုံးသူ့လုပ်စာ
စားနေရတဲ့ရုပ်နဲ့ အချေတစ်လိုင်း။
ဂျွန်ဂျောင်ဂုနဲ့ တွေ့ပြီး ခဏလေး
အတွင်းမှာ ဂျီမင်ဟာ တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာ ။
သွားလေးစိပြီး ရယ်လိုက်ရင်
ချစ်စရာကောင်းလွန်းလို့ ချက်ချင်း
မွေးစားလိုက်ချင်တယ်။

MAGNET Where stories live. Discover now