လျှို့ဝှက်ချက်ရဲ့တစ်စွန်းတစ်စ
ယောင်နနဖြစ်နေသည့် မာနခဲလေးအားကြည့်ရင်း Jeonဟာ ခပ်ပြုံးပြုံး ။
မာနခဲလေးသည် သူ့ကိုမျက်နှာချင်းမဆိုင်ဘဲ ဟိုပစ္စည်းကိုင်လိုက် ယောင်နနနဲ့ ပြန်ချလိုက် ဒီပစ္စည်းကိုင်လိုက် ပြန်ချလိုက် လုပ်နေလေသည်။ သူမေးတဲ့ မေးခွန်းက ထိုမျှလောက် ဂျီမင်ကို တုန်လှုပ်စေသည်ပေါ့..။
သူပြန်ဖြေတာကလည်း မရေမရာ..။
"ကလေးကိုဗိုက်ခွဲပြီး ဖျက်ချထားတာ"
တဲ့လေ ၊ ဖြစ်နိုင်ပါတယ် ။
အဟွန်းး အရမ်းဖြစ်နိုင်တာပေါ့..။"ဂျီမင်"
"ဟမ်..ဟမ်"
ခါးလေးမတ်သွားပြီး မဆိုင်းမတွ ပြန်ဖြေလိုက်သည့် ဂျီမင်သည်မျက်ဆန်လေးတွေက တောင်ကြည့်မြောက်ကြည့်..။ထို့အပြင် မျက်ခုံးလေးပင့်ပြီး ကျွန်တော့်ဘက်ကို မသိမသာလေး ခိုးကြည့်သေးသည် ။
တကယ့်ကို မဟုတ်တာလုပ်ထားလို့
သူခိုးလူမိသလို ရုပ်လေးပါဆို..။"ဖုန်းခနလောက်"
Sh*t...သေစမ်း ။
ကံနိမ့်ချိန်ဆို ဖုံးထားတဲ့ ကိစ္စတွေ
အကုန်ပေါ်တတ်သလား..။"ငါ့ဖုန်းအားမရှိဘူး.."
"ဟမ်း..အဲ့ဆို ဒီအားအပြည့်
ဖြစ်နေတဲ့ ဖုန်းက
ဘယ်သူ့ဖုန်းလဲမသိဘူး "မျက်လုံးလေးပြူးကာ ချက်ချင်းလာကြည့်လာသော
ဂျီမင်က လက်ထဲကဖုန်းကိုမြင်တော့
ပြေးလာကာ ဆွဲလုတော့သည် ။အလျင်မြန်သူဂျောင်ကုကလည်း
အမြန်ရှောင်လိုက်ပြီး..."ဖုန်းထဲမှာ ဘာတွေရှိလို့.. ကိုယ့်ကိုမငှားချင်တာလဲ"
တခဏအတွင်း စူးရဲသွားသည့်
မျက်လုံးလေး.."ငါ့ကိုပြန်ပေး..ဂျွန်ဂျောင်ကု"
"အမယ်..ပေးစရာလား
မင်းဘာတွေဖွက်ထားလဲ သိရမှဖြစ်မယ်""ဂျွန်ဂျောင်ကု..ပြန်ပေးလို့"
လက်ထဲကဖုန်းကို အတင်းလိုက်လုနေသောအိုမီဂါ လေးမမှီအောင် လက်ကိုမြောက်လိုက်တော့ ခုန်စွခုန်စွနဲ့
လိုက်လုနေသည်။