ကားသော့ကိုကိုင်ကာ အိမ်အပြင်ထွက်သွားသည့် ဟိုဆော့အား
ဂျီမင်လှမ်းမေးလိုက်သည် ။"ဟိုဆော့ မင်းအပြင်သွားမလို့လား"
"ဟုတ်တယ်လေ ဘာမှာမလို့လဲ "
"ငါ့ကို ဆေးဆိုင်ခနလိုက်ပို့ပေးလို့ရမလား"
"ရပါတယ် "
"မင်းကားမမောင်းနိုင်တော့လို့လား "
ဂျီမင်ကားထဲသို့ ဝင်ထိုင်ပြီးနောက်
ဟိုဆော့ ပြုံးစစဖြင့် စနောက်လိုက်တော့
ဂျီမင် က သက်ပြင်းတစ်ချက်ချကာ
ပြန်ပြော၏ ။"ကားက မောင်းနိုင်တယ် ။
ခေါင်းထဲ နောက်နေလို့ မမောင်းတာ
ငါအားဆေးသောက်မှ ဖြစ်မယ်
မဟုတ်ရင် လဲတော့မှာ""ဒါဆို မင်းအတွက် ဆေးသွားဝယ်မလို့ပေါ့ ။
ဂျောင်ကု အစွမ်းပြလိုက်ပြီလား ။
အဆင်ရောပြေရဲ့လား"ဟိုဆော့ကထပ်ပြီးစနောက်နေတော့
ဂျီမင်က"ဝယ်မှာက ငါ့အတွက်တင်မဟုတ်ဘူး သူ့အတွက်ပါဝယ်ရမှာ ။ တကယ်တမ်းနေမကောင်းဖြစ်ခြင်းဖြစ်
ငါကဖြစ်ရမှာကို အခုသူကဖြစ်နေတယ်
လူကြားလို့တောင်မကောင်းဘူး
ဆရာဝန်ခေါ်မယ်ဆိုတော့လည်း မခေါ်နဲ့တဲ့ ""ဟားဟား ဂျွန်ဂျောင်ကု ရေချိန်အကိုက်လွန်သွားတာ ဖြစ်မယ်"
ဟိုဆော့၏ စကားကြောင့်
ဂျီမင်လည်း ရယ်လိုက်လေသည် ။
တော်တော်လည်း တတ်နိုင်တဲ့ ဂျွန်ဂျောင်ကုပါ ။ ခံရတဲ့သူက ကိုယ်လေ
တကယ်တမ်း နေမကောင်းဖြစ်ရင်
ကိုယ်ကဖြစ်ရမှာမလား ။
ဖြစ်မယ့်ဖြစ်တော့လည်း သူကဖြစ်တယ် ။
ဒါတောင် နေမကောင်းလို့ မသွားပါနဲ့ဆိုပြီး အတင်းကပ်နေလို့ မနည်းခွာချပြီး ထွက်လာခဲ့ရတာ ။
Rut ဝင်တာကလည်း ပြီးပြီဖြစ်တာကြောင့်
ကုမ္မဏီကိုဒီနေ့တော့ သွားကြည့်ရအုံးမယ် ။ အစ်ကိုပေးခဲ့တဲ့
ကုမ္မဏီ ကိုယ့်လက်ထဲရောက်မှ
ဒေဝါလီခံရတယ်ဖြစ်အုံးမယ် ။ဟိုဆော့တစ်ယောက် ဂျောင်ကုအကြောင်းတွေးရင်း ရယ်လို့မဆုံးတော့ ။
ရယ်လည်းရယ်ချင်စရာပါပဲ
အပေါ်ကလည်းနေသေးတယ် သူကလည်းဖျားသေးတယ် ။
သူတို့နှစ်ယောက်အခုလို အဆင်ပြေသွားတော့လည်း ကောင်းတာပေါ့ ။သူတို့ကလေးအတွက်ရော သူတို့နှစ်ယောက်အတွက်ပါ ဘာဆိုးကျိုးမှမရှိနိုင်တော့ဘူးလေ ။