၂နှစ်ကြာပြီးနောက်..
မှန်ကာထားသည့် ကော်ဖီဆိုင်၏
နံရံအတွင်းမှ အပြင်ဘက်ကိုငေးရင်း
ဂျီမင်မျက်နှာလေး မရွှင်မလန်း
ဖြစ်နေ၏ ။"လွမ်းနေတာလား"
"အင်းးး"
ဟိုဆော့အမေးကို သက်ပြင်းလေး
ချရင်း သံရှည်လေးဆွဲကာ ဖြေလိုက်သည် ။
ဂျီမင်လက်ထဲက အကောင်ပေါက်လေးကလည်း ဟိုဆော့အား ပြူးပြူးလေး
ကြည့်နေပြီး ဝူးဝါးဝူးဝါး ပြောနေ၏ ။"အသေးလေးက ဘာတွေပြော
နေလဲကွ "ဟိုဆော့ ပြန်မေးလိုက်တော့
အကောင်ပေါက်လေးက တခစ်ခစ်
ရယ်၏ ။ စားပွဲပေါ်မှာလည်း
အကောင်ပေါက်လေးနောက်တစ်ကောင်က ထိုင်ကာ မှန်ပြတင်းပေါက်ကို
လက်ဖြင့်ထိကာ အံ့ဩနေပုံရသည် ။
အကောင်ပေါက်လေးက
ရယ်နေပေမယ့် မိုးပြိုတော့မတတ်
ငိုမဲ့မဲ့လေးဖြစ်နေသည့် ဂျီမင်အား
ဟိုဆော့က ကျောလေးကိုဖွဖွလေး
ပုတ်ပေးရင် ပြောလိုက်သည် ။"တစ်ခုခုသောက်မလား ။ စိတ်ပြေလက်ပျောက်ပေါ့"
"မသောက်တော့ပါဘူး"
ဂျောင်ဂုထွက်သွားကလည်း
ဂျီမင်မှာ တမှိုင်မှိုင်တထွေထွေ
ဖြစ်နေတာ ။"ဂျီမင်က ဂျောင်ဂုကိုအရမ်း
ချစ်တာပဲလား ""အင်း ချစ်တာပေါ့ ကိုယ့်အယ်လ်ဖာကြီးပဲကို ။ ဘာပဲလုပ်လုပ် သူ့ကိုပဲမြင်ယောင်နေမိတယ် ။ လုံးဝမေ့မရဘူး. . . ကျွန်တော် ရူးမလိုပဲ "
ဂျီမင်က မျက်ရည်တို့ဝဲလာကာ
ပေါင်ပေါ်က အကောင်ပေါက်
လေးကိုကြည့်နေသည် ။တကယ်ပဲ
ကလေးလေးနှစ်ကောင်လုံး က
ဂျောင်ဂုရုပ်လေးတွေ . .
လုံးဝချွတ်စွပ်ပင် ။ ဂျောင်ဂုလည်း
သူ့သားလေးတွေကိုတွေ့ချင်နေရှာမှာ ။
ကံတရားကလည်း သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကိုမှ ခွဲရတယ်လို့. . အရမ်းရက်စက်
ပါပေတယ် ။ အကောင်ပေါက်
လေးတွေက အခုဆို ၁နှစ်သားလေးတွေတောင် ဖြစ်ကုန်ပြီ။"ဝမ်းမနည်းပါနဲ့ဂျီမင်ရယ် နေသား
ကျသွားမှာပါ ။ ကိုယ့်ကိုယ်ကို
ပျော်အောင်နေ..ဂျီမင်စိတ်ခံစားချက်
မကောင်းရင် ကလေးတွေလည်း
မပျော်ဘဲ နေလိမ့်မယ်"