အခြေအနေတွေဟာ ထင်ထားခဲ့သလို မဖြစ်လာတဲ့အခါ အရာအားလုံးရှုပ်ထွေးကုန်၏။
"Hoseok, Park Jiminအခြေအနေဘယ်လိုရှိလဲ"
ဆေးရုံတွင်းရှိ Jimin ခွဲစိတ်ခန်းရှေ့သို့
ပြောင်ပြောင်တင်းတင်းပင် ဝင်လာသော JKကြောင့် ထိပ်ပြာသွားရသူက Hoseokသာ။Park Jimin ရဲ့အစ်ကိုက JKအားတွေ့သည့်အခါ ချက်ချင်းထလာကာ ဆွဲထိုးလိုက်သည်။ JK ဆိုတဲ့ကောင်က ကိုယ်ခွင့်မပြုတဲ့ တခြားလူ အလစ်တိုက်ထိုးနှက်တာကို လွယ်လွယ် ခွင့်ပြုမယ့်သူမဟုတ်။ သူ ချက်ချင်းရှောင်လိုက်နိုင်သည် ။ကမ္ဘာပေါ်မှာ JK ရဲ့ပါးကို ပထမဦးဆုံးထိုးနိုင်တဲ့ သူက ပတ်ဂျီမင်ကလွဲပြီးတခြားသူမရှိဘူး ။
"Jeon Jungkook! "
ဒေါသမာန်ဖြင့် အော်ခေါ်လိုက်သည့် ဂျီမင်ရဲ့အစ်ကိုဖြစ်သူကို JKက မကြည်ကြည့်ဖြင့်...
"ငါ့နာမည်ခေါ်ခွင့်ပေးထားတာ
အကောင်းထင်မနေနဲ့""Jeon Jungkook မင်းဘာလုပ်ထားလဲ ငါအားလုံးသိတယ် တောက်!
ငါ့ညီသာတစ်ခုခုဖြစ်လို့ကတော့
မင်းကို အသေသတ်ပစ်မယ်!"ကြိမ်းဝါးသံကြီးဟာ ဆေးရုံတွင်း ဟိန်းထွက်သွားတော့ ဘေးနားတွင်ရှိသည့် လူတစ်ချို့ပင် ကွက်ကြည့်ကွက်ကြည့်နှင့်။
JKကခပ်ဟဟရယ်လိုက်ပြီး..
"အိုး CEO Kim လူကြားထဲ
ဒီလိုကြီး ဒေါသထွက်နေတာ မရှက်ဘူးလား...အရင်ခင်ဗျားနေသလို တည်တည်တံ့တံ့ သိက္ခာရှိရှိနေစမ်းပါ။ အဲ့ဒါဆိုရင် ခင်ဗျား ညီလည်းပြန်နိုးလာရင်
နိုးလာမှာပေါ့ "JKက အရှိုက်တည့်တည့်ထိုးလိုက်သကဲ့သို့
စကားမျိုးကို ရွေးပြောလိုက်တော့ တရှူးရှူးတရှဲရှဲဖြစ်သွားသည်။CEO Kim က Jkရဲ့ကုတ်အကျီကော်လာကို
စောင့်ဆွဲလိုက်ပြီး မျက်နှာနားတိုးကပ်ကာ စကားတစ်ခွန်းကို အေးစက်စက်ပြောလိုက်သည်။ မည်သို့သော စကားကိုပြောလိုက်လဲမသိ..JKရဲ့မျက်နှာဟာ ချက်ချင်းခက်ထန်
သွားပြီး CEO Kim ပါးတစ်ဖက်ကို
ဆွဲထိုးပစ်လိုက်သည်။"Jungkook!"
ထပ်ထိုးရန်ပြင်နေသည့် JKကို hoseok က အတင်းပြန်ဆွဲထားရသည်။ ကြမ်းပြင်သို့ ယိုင်ကျသွားသည့် CEO Kimက ပြန်ထလာပြီး အားရပါးရ ရယ်လေသည် ။ထိုသို့ရယ်လေ JKရဲ့မျက်နှာဟာပို၍ တင်းမာလာလေ..။