Kim ရဲ့ သေတမ်းစာ
"လွမ်းနေတာ"
ဒေါသတွေစုပြုံပြီး ပုံချတော့မယ့် စဲစဲ ဂျီမင်မှာ ထိုစကားလေးတစ်ခွန်းကြောင့် မီးစ,ပေါ် ရေခဲရေလောင်းလိုက်သကဲ့သို့ သူ့ဒေါသမီးတွေဟာ ရှဲခနဲပင် ငြိမ်းသက်သွားရသည်။ ပါးလေးတွေနီရဲလာသည့် အိုမီဂါငယ်ကို Jeonက တစိမ့်စိမ့်ကြည့်၏။
"အိမ်မှာ Kookie က မင်းကို ဘယ်လောက်မျှော်နေသလဲ သိလား။ မင်း ဘယ်လောက်ပဲ လုပ်ချင်တိုင်းလုပ်ပါစေ မင်းသားတွေကို ငဲ့ကြည့်အုံးမှပေါ့။ သားက မင်းကို အခုတောင်လန့်နေတာ..မင်းအခု မူးရူးပြီး သားရှေ့ရောက်လာတာ ဖြစ်သင့်လား စဉ်းစားစမ်းပါ။ မင်းမှာ သားတွေရှိတယ်..ကလေးတွေကို ငဲ့ကြည့်အုံးမှပေါ့"
ဒေါသသံစွတ်နေတဲ့ ဆူပူသံကို ကြားလေ Jeon ပြုံးလေပင်။ Jeonက လက်တစ်ဖက်ဖြင့် ဂျီမင့်ခါးကို ဆွဲဖက်လိုက်ပြီး ပုခုံးလေးပေါ် မေးတင်ကာ လည်တိုင်လေးကြား တိုးဝှေ့လာပြန်ပါ၏။
" ကိုယ်မနေနိုင်ဘူး။ မင်းမရှိဘဲ နေဖို့ကြိုးစားပေမယ့် မလုပ်နိုင်ဘူး။ ကိုယ်တကယ် မလုပ်နိုင်ဘူး...မင်းကိုမေ့ဖို့ကြိုးစားလည်းမရဘူး။ ဘီယာတွေ အရက်တွေသောက်ရင်း မင်းအကြောင်းထပ်မတွေးနိုင်တော့ဖို့ ကြိုးစားလည်း မရဘူး။ ကိုယ်ရူးတော့မယ် ဂျီမင်ရယ်.."
"အဲ့ဒီတော့..."
"ကိုယ်စိန်ခေါ်ခဲ့သမျှ ကျရှုံးပြီ။ ဒီရက်တွေအတွင်း ရူးမတတ်ပါပဲ အိုမီဂါရယ်...ကိုယ်ဘယ်လိုရှေ့ဆက်ရမလဲတောင် လမ်းပျောက်တဲ့အထိ။ မင်းမရှိဘဲ ကိုယ်လုံးဝ မနေနိုင်ဘူး။ မင်းကို လက်လွှတ်ဖို့ကို မလုပ်နိုင်ဘူး"
လည်ပင်းမှ စိုစွတ်မှု့ကို ခံစားလိုက်ရတာကြောင့် အိုမီဂါရဲ့ မျက်တောင်ဖျားလေးတွေ လှုပ်ခတ်သွားသည်။ အယ်လ်ဖာက ငိုနေတယ်!
"မင်း...မင်းငိုနေတာလား"
"ဂျီမင်..ကိုယ်တောင်းပန်ပါတယ်။ ဒူးထောက်ဆိုထောက်ပါမယ်။ ငါ့ကို ယုံပေးပါ။ ငါမင်းကို သိပ်သဘောကျတာပါ။ ငါမင်းမရှိဘဲ မနေနိုင်ဘူး။ မင်းနှိမ်ချင်နှိမ် မုန်းချင်မုန်း ဒါပေမယ့် ထွက်မသွားပါနဲ့..."