Kookieလေးက!
"ဒါ မင်းကလေးမွေးခဲ့ကြောင်း
ဆေးရုံက မှတ်တမ်းပဲ! ပြောစမ်း
ဘယ်မှာလဲကလေး"Mr.Parkပြောလိုက်သည့် စကားကြောင့် ဂျီမင်အသက်ရှူဖို့တောင် မေ့သည်အထိ လန့်သွား၏။ ဘယ်သူမှမသိအောင် သေချာဖုံးဖိခဲ့သည့်ကြားက ဘယ်လိုလုပ်ပြီး....။
စိုးရိမ်စိတ်ကြောင့် နှလုံးခုန်သံတွေက
ကျယ်လောင်လာပြီး မြန်ဆန်လာသည်။ မဖြစ်ဘူး..ငါအနီးကပ်
မစောင့်ရှောက်နိုင်ပေမယ့်
အဝေးကနေ မထိခိုက်အောင် အစွမ်းကုန်ကြိုးစားရမှာပဲ ။
အဖေတစ်ယောက်အနေနဲ့ ငါမင်းကို
အကောင်းဆုံးကာကွယ်မှာပါ။"ဘာလဲ အရမ်းလန့်သွားလား
သက်သေလည်းရှိနေပြီ ပြော...
အခုအဲ့ဒီကလေး ဘယ်မှာလဲ
မပြောရင် မင်းကိုဆက်ဖမ်းထားရလိမ့်မယ်""မသိဘူး..ကျွန်တော် မွေးပြီးပြီးချင်း စွန့်ပစ်လိုက်တာ"
"ဘယ် နေရာမှာလဲ"
"မြစ်ထဲ မျှောလိုက်တာ"
မထုံထက်သေးရုပ်ဖြင့် သူ့အား စိုက်ကြည့်ကာပြောလာသော ဂျီမင်ကြောင့်
Mr.Parkမှာ အလွန်ဒေါသထွက်သွားလေသည်။"ပတ်ဂျီမင်းးး မင်းကိုယ်မင်းဘာထင်နေလဲ ဟမ်!
ပြောစမ်း ကလေးဘယ်မှာလဲ!!""မသိဘူးလို့ ပြောပြီးပြီဘဲ!!"
စံအိမ်အတွင်း တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်အော်သံများ ဟိန်းထွက်လာသည် ။ Mr.parkကလည်း ကလေးအကြောင်းကို သိရဖို့ လက်လျော့မယ့်ပုံမပေါ်။" ဘယ်သူနဲ့ရတာလဲ"
"လမ်းဘေးက ကလေကချေနဲ့"
"ငါ့ကို အမှန်တိုင်းပြောစမ်း
ပတ်ဂျီမင် ငါ့သားဆိုပြီး မင်းကို
ညှာထားတာ""ဟက်..ဒါဆို ဆက်ညှာတာပေးပါဦး"
မျက်နှာကြောတင်းတင်း ဖြင့်
လှောင်ရယ်သည့်အနေအထားနှင့်
ပြောလိုက်သည့် သူအလွန်ဒေါသထွက်သွားသည်။ သူထပ်ပြီးစိတ်မရှည်နိုင်တော့ဘဲ စိတ်လောနေတော့သည်။"ဘယ်သူနဲ့ရတာလဲ မင်းပက်သက်နေတဲ့ Jeon အိမ်တော်က ကောင်နဲ့လား"