လျှို့ဝှက် ဗိုက်ခွဲကြောင်းရာ
"Doctor သူ ပြင်းပြင်းထန်ထန်တော့
မထိခိုက်မိဘူးမလား..""ခြေဆစ်လွဲသွားတာပဲရှိတာပါ။
တစ်ပတ်လောက်တော့ လှုပ်လှုပ်ရှားရှား မလှုပ်စေနဲ့ဦး.."Doctor ပြန်ထွက်သွားပြီးနောက်
Kim ဟာ Sunရဲ့လက်လေးကို
ကိုင်ကာ ငိုကြွေးနေတော့သည်။ကိုယ့်ကလေးရယ်..ဘာလို့များ...
ဘာလို့များ အသက်အန္တရာယ်
စိုးရိမ်ရတဲ့ လုပ်ရပ်တွေလုပ်ရတာလဲကွာ..။အားလုံး ကိုယ့်အမှားကြောင့်..။
မင်းကို ကိုယ်အများကြီးစိတ်ပင်ပန်းစေမိပြီထင်တယ်..ကိုယ်တကယ်ပဲ
မင်းကိုဆက်မဆွဲထား သင့်တော့ဘူးလား။ ကိုယ့်ကို တကယ်မုန်းသွားပြီလား..ကလေးရယ် ။Kim ဟာ ယောကျာ်းတန်မဲ့ မျက်ရည်တွေ မဆယ်နိုင်အောင်
ငိုကြွေးနေတော့သည်..။ အယ်လ်ဖာ တစ်ယောက်ဟာ အိုမီဂါတစ်ယောက်အတွက် မျက်ရည်ကျခဲ့တယ်ဆိုရင် သူလက်မလွတ်နိုင်လောက်အောင် ချစ်မြတ်နိုးပြီး သဘောကျလို့ပါတဲ့။ Kimသည်လည်း ထို့အတူပေါ့..။Kim ရဲ့ မျက်နှာဟာ ဖြူဖျော့လျက်
နှုတ်ခမ်းတို့ကလည်း အရောင်အသွေးမရှိသကဲ့သို့ ဖြူဖျော့နေပြီး လူမမာ တစ်ယောက်လိုဖြစ်နေပေမယ့် ကိုယ့်ကိုကိုယ် စိတ်မပူဘဲ ဟိုဆော့ကိုသာ
အလွန်စိတ်ပူနေရှာသည် ။ဝဋ်ကြွေးတွေ ကြီးလွန်းခဲ့ပါလား Kimရယ်...။
ချစ်လွန်းလို့ မလုပ်သင့်တဲ့လုပ်ရပ်တွေ
လုပ်ခဲ့တော့ အခု နာကျင်ခြင်းတွေ
ပြန်ခံစားနေရပြီ ။Sun ဟာ Kim ရဲ့အိမ်ကနေ ထွက်ပြေးဖို့ ပြတင်းပေါက်ကနေ
ခုန်ချခဲ့ပေမယ့် ကံမကောင်းစွာနဲ့
ပြတင်းပေါက်ဘောင်နဲ့
ခြေထောက်နှင့် ငြိကာ
အကျမကောင်းခဲ့ပေ။သို့သော်လည်း Kim က အောက်ဘက်တွင် ကြိုရောက်နှင့်ပြီး
ပြေးဖမ်းလိုက်တာမို့ Sun ဟာ
ကြီးကြီးမားမား မထိခိုက်ခဲ့ပေ။
နှစ်ထပ်မြောက် အထပ်ကနေ ခုန်ချလိုက်တာမို့ အမြင့်က သိပ်မမြင့်၍ အကျမနာသွားတာလည်းပါမည်။ Kimပြေးဖမ်းသည့်အချိန် နှစ်ယောက်လုံးအရှိန်နဲ့ မြေဆင်ခြေလျှောမှ လိမ့်ကျပြီး Sun ရဲ့ခေါင်းမှာမူ သစ်ကိုင်းနဲ့ရိုက်မိပြီး သတိမေ့သွားခဲ့သည်။