ဦးဦးပုလို့ ဒယ်ဒီကအလျော့ပေးလိုက်တာတဲ့
"မင်း မယုတ်မာနဲ့ ဂျွန်ဂျောင်ဂု! "
"ဘာဖြစ်လဲ ယုတ်မာတော့.."
နှုတ်ခမ်းတစ်ဖက်သာတွန့်ကွေး၍ လူယုတ်မာပြုံး ပြုံးနေသော
ဂျွန်ဂျောင်ကု ကြောင့် မာနခဲလေးက ခပ်လန့်လန့်ရယ် ။ထိုအချိန်မှာပဲ...
"ဒယ်ဒီ..ဒယ်ဒီ "
မပြောမဆိုနဲ့ အခန်းထဲ ဝင်ချလာသည့်
ကလေးနှစ်ကောင် ကြောင့် ဂျောင်ဂု အမြန် လှည့်ကြည့်လိုက်သည်။ သူ အရုဏ် ခဏလွှဲသွားစဉ် မာနခဲလေးသည် သူ့ရင်အုံမောက်မောက်အား ခြေထောက်ဖြင့် ကန်လိုက်ကာ ခုတင်ဘေးသို့ လိမ့်ချလိုက်သည်။
မာနခဲလေး ရဲ့ ကန်ချက်က သိပ်မပြင်းထန်သောကြောင့်
ဂျောင်ကု နောက်သို့ တစ်ချက်ယိုင်သွားရုံသာ။မာနခဲလေး ကိုယ်တိုင်ကလည်း အပြင်းအထန် စောင့်ကန်လိုက်ခြင်းမဟုတ်ဘဲ ခြေဖဝါးလေးနဲ့ အနည်းငယ်တွန်းရုံမျှသာကန်ခဲ့တာ ။
သူတို့ရဲ့ ဒယ်ဒီ ကို ကန်လိုက်တာတွေ့လိုက်သော
ကလေးငယ်လေးဟာ အသည်းအန် ဂျောင်ကုဆီပြေးလာလေသည် ။"ဒယ်ဒီ နာသွားပြီ.."
ကလေးနှစ်ကောင် အနားရောက်မလာခင် ဘောင်းဘီအား အမြန်ဝတ်လိုက်ပြီး
လျင်လျင်မြန်မြန် ထရပ်လိုက်သည်။"လူဆိုးကြီး..အီး..ဟီး...ဒယ်ဒီ ကို
နာအောင် လုပ်တယ် "ကုတင်ပေါ်သို့ ခြေထောက်သေးသေးလေးတွေနဲ့
တွန်းကန်ပြီး တက်လာရင်း
သူ့အဖေဆီသို့ ပြေးကာဖက်ရင်း
ငိုယိုနေသည့် အငယ်လေး seokie ။အမယ်..ငါကပဲ လူဆိုကြီး ဖြစ်ရသေးတယ်..သူ့အဖေက
ငါ့ကို ဘာလုပ်လဲတော့ မသိဘဲနဲ့..။မျက်မှောင်ကြီး ကျုံ့နေတဲ့ အကြီး လေးက သူ့ဆီတစ်တောက်တောက်
လျှောက်လာရင်း လက်ကို ဆွဲကာ
ကုန်းကိုက်လေသည် ။"ဒယ်ဒီ ကိုမထိနဲ့..လူဆိုးကြီး "
"အာ့.."
တိုတိတိုနှမ်းသွားလေးတွေနဲ့ ကိုက်တာကြောင့် သိပ်မနာသော်လည်း
ခပ်စူးစူးလေးနာသွားတာကြောင့်
မတော်တဆ အော်လိုက်မိသည်။