အပိုင်း (၂၁)

615 42 0
                                    

အသားယူလွန်းတဲ့Alpha

မနက်ခင်းလေးက နေရောင်လေးကဘယ်လို..ပင်လယ် လှိုင်းခတ်သံလေးတွေတဝုန်းဝုန်းနဲ့လို့ တင်စားလို့မရအောင်ကို အခန်းထဲက နှစ်ယောက်က
တတိယကမ္ဘာစစ်လို ဖြစ်နေလေသည်။

"ခွေးကောင် မင်း..အသားယူတာများနေပြီ"

"မင်းလန့်နေလို့ ငါကဖက်အိပ်ပေးတာလေ"

"ဘာကိစ္စ နဲ့ အဲ့လက်က အင်္ကျီ ထဲရောက်နေတာလဲ..နှာဘူးကောင်"

ကုတင်အောက် ဖင်ထိုင်လျက်သား
ပြုတ်ကျနေသည့် ဂျောင်ကုနှင့်
ကုတင်ပေါ်မှ မာနခဲလေး တို့နှစ်ယောက်ရဲ့ စကားစစ်ပွဲဟာ
အခန်းတွင်း ဆူဆူညံညံ ။
ဂျောင်ကု ကုတင်အောက်ကိုဖင်ထိုင်လျက်ပြုတ်ကျနေရသည့် အကြောင်းအရင်းရဲ့ တရားခံလေးကို ခန့်မှန်းစရာမလိုအောင်...တန်းသိနေ လောက်ပြီ‌ပေါ့။

မာနခဲလေးနဲ့တွေ့မှ ခနခနအကန်ခံရလွန်းလို့ သူလည်း ဘောလုံးဘဝရောက်နေရပြီ။

"မတော်တဆ.. "

ဟုတ်ပါတယ်..မတော်တဆ အင်္ကျီ လေးထဲ လက်ဝင်သွားတာပါ..။ အဟမ်း..ဗိုက်သားလေးက အိနေလို့ နည်းနည်းကိုင်ကြည့်ရင်းနဲ့...မတော်တဆပါ။

"အပိုတွေ! ငါ့ကိုအသားလာယူမယ်မကြံနဲ့။ မင်းရှိသမျှဟာ အကုန်ချိုးပြစ်မယ်"

မာနခဲလေး အပြောကြောင့် ကုတင်အောက်ကဂျောင်ကုသည် ကုန်းထကာ..

"အမယ်..ညကတော့ မင်းပဲ
ငါ့ဘက်အတင်းတိုးပြီး အသားကုန် ဖက်အိပ်နေတာလေ..။အခုမှ ရှက်ရမ်းရမ်းမနေနဲ့.."

"ချီးမို့ ရှက်ရမ်းရမ်းရမှာလား...။
မင်းလက်က ဘာကိစ္စ ငါ့အင်္ကျီထဲဝင်ပြီး ဗိုက်ကိုလာပွတ်လဲ.."

omega ဆိုတဲ့ ဂုဏ်ပုတ်လေးနဲ့မှမလိုက် မိုးမွှန်အောင် ဆဲတတ်သော
ပတ်ဂျီမင် ပင်။ ပတ်ဂျီမင် အိုမီဂါဆိုတာ တော်ရုံလူယုံမှာမဟုတ်။

"မတော်တဆ လို့ပြောပြီးပြီလေ"

"မင်းဘာခြေလှမ်းလှမ်းနေလဲငါသိတယ်..။ မနက်စောစောစီးစီး
တဏှာရူးနေပြီ။ နောက်တစ်ခါ ငါ့ကိုအသားယူလို့ကတော့ သူသေကိုယ်သေ ချပစ်မယ် "

MAGNET Where stories live. Discover now