"ဒါလေး
စားမလား ၊ သားကြိုက်တာရွေး "
"ဒါလေး စားမယ်"
"နွားနို့နဲ့ သောက်မလား ၊ ချောကလက်ပူပူလေးနဲ့သောက်မလား"
" ချောကလက် "
"Ok"
ခပ်တိုးတိုးကြားနေရတဲ့ စကားသံတွေ ။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ခပ်စူးစူးနေရောင်ဟာ မျက်လုံးစူးဝင်လာတာ
ကြောင့် ချက်ချင်း ပြန်မှိတ်လိုက်မိသည် ။
တကယ်လုံးနုံးချိနေပြီး ၊ညီးစိစိကြီး
ဖြစ်နေသည် ။အားယူကာ ထထိုင်လိုက်ပြီး မျက်လုံးဖွင့်ကြည်လိုက်တော့
ကွဲပြားနေသည့်အခန်းအပြင်အဆင်ကြောင့်
အခန်းပတ်ချာလည်အား စေ့စေ့စပ်စပ်
ထပ်ကြည့်မိ၏။
ဘယ်နေရာရောက်နေတာပါလိမ့် ။ဂျလောက်ခနဲ ပွင့်လာသော အခန်းတံခါးနှင့်အတူ အခန်းထဲဝင်လာသော
ကင်မ်။
ကင်မ်က ချက်ချင်းအနားသို့ရောက်လာပြီး
သူ့နဖူးပေါ်လက်ဖဝါးအပ်ကာ.."ကိုယ်ပူကျသွားပြီ ၊ သက်သာရဲ့လား။
နေလို့ထိုင်လို့ မကောင်းရင် ဆရာဝန်ခေါ်လိုက်မယ်""အဆင်ပြေပါတယ် ။ ကျွန်တော်
ဘယ်လိုလုပ် ဘယ်ရောက်နေတာလဲ""ညက အဖျားတက်လာလို့ ။ ကိုယ့်အိမ်ကို ခေါ်လာခဲ့တာ ။ ဆရာဝန်က ညကတစ်ခါတော့ လာသွားတယ် အခု နေလို့မကောင်းသေးရင် ထပ်ခေါ်လိုက်မယ် "
ဟိုဆော့ ခေါင်းခါလိုက်ပြီး...
"အဆင်ပြေတယ်"
"ကိုယ့်ကို စိတ်ဆိုးနေတာလား"
အနည်းငယ် ဆူပုတ်နေသည့် မျက်နှာလေးကြောင့် မေးလိုက်တော့
ရှဉ့်ပေါက်လေးက ဘာမှပြန်မဖြေဘဲ မျက်နှာကို တစ်ဖက်သို့ လွှဲထားသည် ။"တောင်းပန်ပါတယ် ။ မင်းကိုယ့်အပေါ်မကျေနပ်သမျှ ကိစ္စအားလုံးအတွက် တောင်းပန်ပါတယ်"
စောင်ပုံလေးပေါ်က လက်လေးကို
သွားဆွဲတော့ ရုန်းသည် ။
အပြုအမူလေးတွေက သိပ်ချစ်စရာကောင်းတယ် ။
တကယ့်ကို ဖက်နမ်းမိတော့မလို့ ။"ဒီလိုတောင်းပန်ရမလား"
ကင်မ်က ကြမ်းပြင်ပေါ်ဒူးထောက် ထိုင်ချလိုက်ပြီး..
"ကျွန်တော်မျိုး သခင်လေးအပေါ်မှားခဲ့သမျှ
အားလုံး တောင်းပန်ပါတယ် ။
ကျွန်တော် မျိုးရဲ့ အမိုက်အမှားအတွက် ခွင့်လွှတ်ပေးပါ"