အပိုင်း (၆)

595 42 3
                                    

ခန့်မှန်း၍မရသော ကံကြမ္မာ

"Jung Hoseok!!"

Jeonအိမ်တော်သို့ Mr.Jungဟာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာခဲ့သည်။
သေချာပါတယ် အကြောင်းအရင်းက
တစ်ခုတည်းပဲမဟုတ်လား..။

"ဦးလေး..Hoseokက နေမကောင်းလို့...."

"မင်းနဲ့မဆိုင်ဘူး Jungkook  ဦးရဲ့သားနဲ့ပဲ ပြောချင်တယ်"

Sun၏အဖေဟာ အတော်လေးကို
ဒေါသထွက်နေပြီး Sunသည်လည်း သူ၏အဖေအား
မျက်နှာမပြရဲတာကြောင့်
Jungkookရဲ့ အခန်းလေးထဲမှာ
ကြိတ်ငိုနေရှာ၏။

"ဦးလေး..စိတ်လျှော့ပါ
Hoseokဘက်ကို တွေးပေးပါဦး
သူအခုချိန်အရမ်း​ကြောက်နေတယ်
သူကိုယ်တိုင်ဖြစ်ချင်လွန်းလို့
ဖြစ်ခဲ့တဲ့ ကိစ္စမဟုတ်ဘူးလေ"

Jungkook က ဖြောင့်ဖြရန်ကြိုးစားပေမယ့် အရာမဝင်။

"Jungkook ဦးသားနဲ့ပဲ စကားပြောချင်တယ် သူ့ကိုခေါ်ပေး"

"ဦးလေး..Hoseokက..."

Jungkook၏စကား မဆုံးသေးသည့်အချိန်မှာပင် Hoseok က အခန်းထဲက
ထွက်လာလေသည်။

"ကျွန်တော် တောင်းပန်ပါတယ်အဖေ"

သူ့မျက်နှာ မျက်ရည်တွေဟာလည်းရွှဲစိုလို့..။

"Jung Hoseok! မင်းအခုဘာလုပ်လိုက်တယ်ထင်လဲ!
မင်းအရှက်မရှိဘူးလား.."

ခက်ထန်လှတဲ့ မျက်နှာထားဖြင့် ဒေါသကိုဖော်ပြလျက်ရှိသည့် Mr.Jungဟာ လက်ညှိုးတထိုးထိုးဖြင့် မာန်မဲနေသည်။ မည်မျှဒေါသထွက်နေပါသလဲဆိုတာ အနီရောင်အဖြစ်ပြောင်းလာသည့် သူ၏မျက်နှာကြီးကို ကြည့်၍သိနိုင်သည်။

"ကျွန်တော် တောင်းပန်ပါတယ် "

"တောင်းပန်ရုံနဲ့မပြီးဘူးကွ....
အခုငါ့ဆီကို ခြိမ်းခြောက်စာတွေရောက်လာတယ်။ပိုက်ဆံမပေးရင်
ဒီvideo ကိုဖြန့်ပစ်မယ်ဆိုပြီး..
သူတို့တောင်းတဲ့ပိုက်ဆံ
ကုမ္မဏီရှယ်ယာတစ်ဝက်နီးပါးရှိတယ်။
အခုဘယ်လိုလုပ်မှာလဲ ဟမ်!"

Mr.Jungသည်လည်း အတော်လေးအကြပ်ရိုက်ပြီးဒေါသထွက်လာတာကြောင့် သူ့စိတ်ကိုမထိန်းနိုင်သည်အထိ။
ဖခင်တစ်ယောက်ဆိုတဲ့ အသိကိုပင်ပျောက်သည့်အလား အသည်းအသန် ဟိုဆော့ဆီရောက်လာကာ ပြစ်တင်ပြောဆိုလေသည်။ ရာဂဏန်းလောက်ဆိုလျှင်တောင် သူချက်ချင်းကိုင်တွယ်လိုက်နိုင်မှာဖြစ်ပေမယ့် တောင်းသည့်ငွေက အတော်လေးများပုံရတာကြောင့် သွေးတက်လာသည့်ပုံပင်။

MAGNET Where stories live. Discover now